သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-26
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းရဲ့ ကျန်းမာရေး ဆိုးဝါးနေတဲ့အတွက် အောက်ဆီဂျင် ပေးထားရတယ် လို့ RFA က စုံစမ်းသိရှိရပါတယ်။
2021-08-26
ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ခုနှစ်တုန်းက အကြမ်းဖက်ခဲ့ကြတဲ့ ခြေမြန်တပ်ဖွဲ့ တွေကပဲ အာဏာသိမ်းပြီးချိန်ကစလို့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် ဒုက္ခပေးနေကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားလိုက်ပါတယ်။
2021-08-25
မြန်မာနိုင်ငံမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းကို အခြေခံတဲ့ အနာဂတ် ဖက်ဒရယ် နိုင်ငံသစ်ကို တည်ဆောက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူ ပူးပေါင်းပါဝင် သွားမယ်လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်က သြဂုတ် ၂၅ ရက် နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-08-25
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဦး နဲ့ အဖွဲ့ဝင် နှစ်ယောက်ကို ဩဂုတ်လ ၂၄ ရက် မနေ့ ညပိုင်းက စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လှည်းကူးဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-25
ကချင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာနေပြီး စစ်ကောင်စီတပ်က အင်အား ဖြည့်နေတာတွေကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2021-08-25
အရေးပေါ်ကာလမှာ စစ်ကောင်စီက ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်လိုက်ရင် သတင်းအချက်အလက် စီးဆင်းနိုင်ဖို့အတွက် ရေဒီယိုအစီအစဉ် တစ်ခုကို အမျိုးသားညီညွတ်ရေး အစိုးရ NUG က စတင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါဟာ တရားမဝင် ရေဒီယိုလိုင်း ဖြစ်တဲ့အတွက် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
2021-08-25
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့ NUG က ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2021-08-25
စစ်ကောင်စီကို ထောက်ခံကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၈ ခု လက်မှတ်ရေးထိုး ထုတ်ပြန်ရာမှာ ပါဝင်ခဲ့တဲ့ '၀' ပါတီဥက္ကဋ္ဌ ဦးဆိုင်းပေါင်နပ် နေရာမှာ ပါတီရဲ့ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးညီပလုတ်ကို ယာယီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ကြောင်း '၀' ပါတီက သြဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2021-08-25
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာ ဏာသိမ်းချိန်ကနေ ဩဂုတ်လ ၂၁ ရက်ထိ ခြောက်လကျော် ကာလအတွင်း ရဲနဲ့ စစ်တပ်က သံသယနဲ့ ဖမ်းဆီးပြီး စစ်ဆေးနေချိန် နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေ ဆုံးသူ စုစုပေါင်း ၄၁ ယောက် ရှိနေပြီ ဖြစ်ပါတယ်။
2021-08-25
ဟာသသရုပ်ဆောင် ဆင်မကို ဩဂုတ်လ ၂၄ ရက် မနေ့ ညပိုင်းက တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်က နေအိမ်မှာ စစ်ကောင်က ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်း အဝိုင်းက သိရပါတယ်။
2021-08-25
မကွေးတိုင်း၊ ရေနံချောင်းတက္ကသိုလ်က အသက် ၁၉ နှစ်အရွယ် ပထမနှစ်ကျောင်းသူ မဆုပြည့်အောင်ကို ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီက နေအိမ်ကနေ အရပ်ဝတ်နဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေနံချောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက RFA ကို ဒီနေ့ပြောပါတယ်။
2021-08-25
ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရပြီး ခံဝန်နဲ့ပြန် လွတ်လာခဲ့တဲ့ အမျိုးသမီး နှစ်ဦးဟာ မွန်ပြည်နယ် သထုံမြို့မှာ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြော ပါတယ်။
2021-08-25
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းအားလုံးကို အဆင်သင့်ဖြစ်နေ အောင် ပြင်ဆင်ထားဖို့ ရခိုင်ပြည်နယ်ပညာရေးဌာနက မနေ့က သြဂုတ်လ ၂၄ ရက် နေ့မှာ ညွှန်ကြားထားပါတယ်။
2021-08-25
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လုံခြုံရေး ယူထားတဲ့ ရဲသုံးဦးဟာ သြဂုတ်လ ၂၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ အခင်းဖြစ် နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-24
ဒီနေ့ဟာဆိုရင် လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရတဲ့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်တွေ လေးနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။