ရခိုင်မှာ ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး အသင့်ပြင်ဖို့ ညွှန်ကြားထား

2021.08.25
ရခိုင်မှာ ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး အသင့်ပြင်ဖို့ ညွှန်ကြားထား ရခိုင်ပြည်နယ်က အခြေခံပညာကျောင်းတစ်ခုက ကျောင်းသားများကို ဇွန်လက တွေ့ရစဉ်။
Photo - CJ

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းအားလုံးကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ ရခိုင် ပြည်နယ် ပညာရေးဌာနက မနေ့က သြဂုတ်လ ၂၄ ရက်နေ့မှာ ညွှန်ကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ လျော့ကျလာသလို တစ်နိုင်ငံလုံးက ကျောင်းတွေလည်း သြဂုတ်လ ၃၁ ရက်နေ့အထိသာ ယာယီပိတ်ခဲ့တာဖြစ်လို့ ကျောင်းတွေပြန်ဖွင့်လာရင် အဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင် ဆင်ထားတာလို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေမှူး ဒေါက်တာ ထွန်းထွန်းသိန်း က RFA ကို ပြော ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ၊ သေဆုံးမှုတွေ မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစလို့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေအားလုံးကို စစ်ကောင်စီက ယာယီပိတ်ထား ခဲ့တာပါ။

အခုလက်ရှိတော့ အဲဒီအခြေခံပညာသင်ကျောင်းတွေကို ဘယ်နေ့၊ ဘယ်ရက်ပြန်ဖွင့်မယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းမစမီ ပြီးခဲ့ဇွန်လကလည်း စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်တဲ့အနေနဲ့ ကျောင်းမတက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ကျောင်းတက်ရောက်သူ ၉၈ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိပါတယ်။

ရခိုင်ပြည်နယ်မှာအတွင်းက စာသင်ကျောင်းပေါင်း သုံးထောင့်သုံးရာကျော်မှာ ကျောင်းတက်သူ ဦးရေ လေးသိန်းလေးသောင်းကျော် တက်ရောက်ခဲ့တာကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။