ဟာသသရုပ်ဆောင် ဆင်မ ဖမ်းဆီးခံရ
2021.08.25
ဟာသသရုပ်ဆောင် ဆင်မကို ဩဂုတ်လ ၂၄ ရက် မနေ့ ညပိုင်းက တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်က နေအိမ်မှာ စစ်ကောင်က ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
သရုပ်ဆောင် ဆင်မဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ထဲက တစ်ဦးဖြစ်သလို စစ်ကောင်စီ ဩဇာခံ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ထားသူ ဖြစ်ပါတယ်။
ဆင်ဖြူကျွန်းဇာတိဖြစ်တဲ့ သရုပ်ဆောင် ဆင်မဟာ ၂၀၀၁ ခုနှစ် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်ကတည်းက အငြိမ့်တွေမှာ လူရွှင်တော်အနေနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ကို စစ်ကောင်စီက ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။