NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ်

2021.08.25
NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ် NUG ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရတဲ့ ဒေါ်ခင်မမမျိုးကို တွေ့ရစဉ်
.

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့ NUG က ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒေါ်ခင်မမမျိုးကို ဘာကြောင့် ပြောင်းရွှေ့ခန့်အပ်ရတယ်ဆိုတာ ဖော်ပြမထားသလို သူတာဝန်ယူခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးနေရာမှာ ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာကိုလည်း ရေးသားထားတာ မရှိပါဘူး။

ဒေါ်ခင်မမမျိုးဟာ ဧပြီလကစလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး နေရာကို တာဝန်ယူခဲ့တာပါ။

သူဟာ စစ်အာဏာမသိမ်းခင်က Myanmar Institute of Gender Studies (MIGS) နဲ့ Myanmar Institute of Peace and Security Studies (MIPSS) တို့မှာ အကြံပေးနဲ့ Myanmar Institute of Politics and Public Policy တို့ရဲ့ တည်ထောင်သူ၊ အုပ်ချုပ်မှု ဒါရိုက်တာ အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။