သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-24
MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်း တို့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2022-02-24
ရခိုင်ပြည်နယ် စစ်တွေမြို့က LWF နိုင်ငံတကာ လူမှုအဖွဲ့အစည်းက ဝန်ထမ်း ကိုလှိုင်မျိုးအောင်ဟာ မနေ့က ဖမ်းဆီးခံရပါတယ်။
2022-02-24
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မနေ့က စစ်တပ်နဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သုံးယောက် သေဆုံးခဲ့ပါတယ်။
2022-02-24
မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်က ရဲတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီး ငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-02-24
ကောလင်းမြို့နယ် တောင်ဖီရွာကုန်းမှာ သတ်ဖြတ် ခံထားရတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရှိခဲ့ပါတယ်။
2022-02-24
မကွေးတိုင်း ချောက်မြို့က အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး ၂၀ ခန့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကပင် ဒီနေ့အထိ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-23
ဒီရုရှားလုပ် Mi-35 ရဟတ်ယာဉ်ဟာ ရုရှားလေတပ်က ခေတ်မီတိုက်လေယာဉ် အမျိုးအစားတစ်မျိုးမှာ ပါဝင်ပြီး တိုက်ရဟတ်ယာဉ် ထုတ်လုပ်ရာမှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Rostvertol က ထုတ်လုပ်ပါတယ်။
2022-02-23
ထိုင်းနိုင်ငံမှာ ရာသီအလိုက် လုပ်ရတဲ့ အလုပ်သမားတွေလိုအပ်နေလို့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမား သုံးသောင်းကျော်ကို အမြန်ခေါ်ယူဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ မြန်မာနဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်လေးခုကနေ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးပြီး ခေါ်ယူမှာဖြစ်ပါတယ်။
2022-02-23
ဒီအမှုဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေတာတင်မကဘဲ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုရဲ့ အခွင့်အရေးအရပါ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow က ICJ တရားရုံးကို မနေ့က ပြောဆိုခဲ့ပါတယ်။
2022-02-23
စကားဝိုင်းမှာ နောက်ထပ်ပြောဆိုခဲ့ကြတာကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ကိစ် စဖြစ်ပါတယ်။ အခုတနင်္လာနေ့ကစပြီး နယ်သာလန်နိုင်ငံ Hague မြို့ရှိ ICJ နိုင်ငံတကာ တရားရုံးမှာ ကျင်းပနေတဲ့ အဲဒီကြားနာပွဲကို စစ်ကောင်စီဘက်က တက်ရောက်ခွင့်ရပါတယ်။
2022-02-23
"UEC ရဲ့ အဆုံးအဖြတ်သာ အဓိကဆိုရင်လည်း သူတို့ လုပ်ပိုင်ခွင့် အတိုင်းလုပ်၊ ကျနော်တို့ကတော့ ရည်တည်ချက်အတိုင်း ဆက်သွားမယ်၊ အခုအချိန်စာရင်း စစ်တယ်ဆိုတာ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်တာလို့ နားလည်တယ်၊ဘယ်ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ကြိုသုံးသပ်ဖို့လို ယူဆတယ်" လို့ SNLD ဦးစိုင်းလိတ်ကပြောပါတယ်။
2022-02-23
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေအတွက် အထောက်အပံ့ဖြစ်ဖို့ ဒီတာဝန်ကို ခန့်အပ်လိုက်တာလို့ အီးယူက ပြောပါတယ်။
2022-02-23
ဖေဖော်ဝါရီလ ၂၂ ရက် တစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းက လူ ၆၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီနေ့ညပိုင်းမှာ ၂၉ ယောက် ပြန်လွတ်လာပါတယ်။
2022-02-23
မြစ်ကြီးနားမြို့က CDM မီးရထားဝန်ထမ်း ၈၀ ကို ဝန်ထမ်းအိမ်ရာကနေ ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီက စာထုတ်အမိန့်ပေးထားပါတယ်။
2022-02-23
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းလောက် သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရတယ်လို့ REC က ပြောပါတယ်။