သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-27
ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို ဝင်ရောက်စီးနင်းနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ရွာသား ၁၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာဆယ်ရွာက လူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-10-27
ရန်ကုန်တိုင်း၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့ညက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
2023-10-27
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့အတွက် စစ်ဆင်ရေး ၁၀၂၇ ကို စတင်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ က ဒီနေ့ ပူးတွဲကြေညာပါတယ်။
2023-10-26
ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေ ယာယီရပ်နားထားတယ်ဆိုပေမဲ့ တချို့က တူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-26
ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဟာ ထိခိုက်ပျက်စီးမဲ့ အန္တရာယ်ရှိနေရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ နိုင်ငံအဆင့်ဥပဒေတွေနဲ့ အရင်အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ယူနက်စကိုက ပြောပါတယ်။
2023-10-26
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ရာကျော်ကို မြန်မာ အာဏာပိုင်တွေက ရှမ်းပြည်နယ်တစ်နေရာမှာ ကယ်တင်နိုင်ခဲ့တယ်လို့ ကြာသာပတေးနေ့က ထိုင်းတာဝန်ရှိသူ တွေကို အကြောင်းကြားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
2023-10-26
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပြီးနောက် အလောင်းငါးလောင်းတွေ့ခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။
2023-10-26
မြဝတီမြို့ BGF အမှတ် ၁၂ ဂိတ်ဝင်းထဲက လောင်းကစားရုံမှာ မြန်မာအလုပ်သမား တစ်ရာဝန်းကျင် ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ လောင်းကစားရုံကို ရောက်ခဲ့တဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
2023-10-26
ကမ္ဘာတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁၁၄ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက မနေ့က ခန့်မှန်းလိုက်ပါတယ်။
2023-10-26
မြို့သာ - မြင်းခြံ ကားလမ်းဘေးရှိ ထန်းတစ်ပင်ကျေးရွာက မီးသွေးလုပ်ငန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အလုပ်လုပ်နေသူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
2023-10-26
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေပြီး မောင်တောမြို့နယ်ကို ပြန်ဝင်လာတဲ့အသက် ကိုးနှစ်ကနေ ၁၆ နှစ်ကြား ရိုဟင်ဂျာကလေးငယ် လေးဦးကို စစ်ကောင်စီရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2023-10-26
အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း မြို့နယ်ငါးမြို့နယ်က ကလေးငယ် လေးဦးအပါအဝင် အရပ်သားအယောက် နှစ်ဆယ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-10-26
သိန္နီမြို့နယ်အတွင်းမှာ KIA တပ်ဖွဲ့ ရဲ့ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် သုံးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံလိုက်ရပါတယ်။
2023-10-26
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AAတို့ တိုက်ပွဲရပ်စဲနေပေမယ့် စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
2023-10-26
ရထားလမ်း ပြင်တဲ့အဖွဲ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာဝန်းကျင်နဲ့ မီးရထားဝန်ထမ်း အပါအဝင် အလုပ်သမား တစ်ရာလောက်ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။