သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-04
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ပြီး ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ကို ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
2017-01-04
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ခန်လူးကျေးရွာမှာ စစ်တပ်နဲ့ မြေယာပိုင် ဆိုင်မှု အငြင်းပွားနေတဲ့ တောင်သူ ၂၁ ဦးကို မနေ့က ဖမ်းဆီးပြီး အိုးဘိုအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
2017-01-04
တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို အပြည့်အ၀ ခံစားနိုင်ခြင်း မရှိတဲ့အတွက် စိတ်မကောင်းကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောပါတယ်။
2017-01-04
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ မကွေးတိုင်း အတွင်းက တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ မနေ့က တိုင်းအစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။
2017-01-04
ဒီလအတွင်း ကျင်းပမယ့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ သံဖြူဇရပ်၊ ရေးနဲ့ ကျိုက်မရော မြို့နယ်တွေအတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကုမ္ပဏီ ၂ခုက တင်ပြတဲ့ အခြေအနေတွေအပေါ် လွှတ်တော်က ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။
2017-01-04
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေအနေနဲ့ ကုမ္ပဏီလုပ်ကွက်တွေအတွင်း ဝင်ရောက်ရှာဖွေတာတွေ မလုပ်ဖို့နဲ့ ကုမ္ပဏီလုပ်ကွက်တွေ အတွင်းကနေ မနက်ဖြန် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
2017-01-04
အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံ ၅၉ ရုံကို နှစ်ရှည် ငှားရမ်းတဲ့စနစ်၊ ထုတ်ကုန် ခွဲဝေယူတဲ့စနစ်တွေနဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ စက်မှုဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးဇာနည်ဝင်း က ပြောပါတယ်။
2017-01-03
NLD အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးကြုံရတဲ့ လွတ်လပ်ရေးနေ့မှာ မတူတဲ့လူ့အသိုင်းအဝိုင်း အလွှာတွေအတွင်း လတ်တလောရရှိထားတဲ့ လွတ်လပ်ရေးရဲ့အနှစ်သာရအပေါ် ခံယူမိပုံ၊ ခံစားမိပုံခြင်းကွဲပြားတာတွေ ရှိနေပါတယ်။
2017-01-03
မနက်ဖြန်မှာကျရောက်မယ့် ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ လွတ်လပ်ရေးနဲ့ သက်ဆိုင်တဲ့မိန့်ခွန်းတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2017-01-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာမှာ ရွာသားတွေကို အစိုးရ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်္ဘာ ၅ ရက်နေ့မှာ ရိုက်နှက် ခဲ့တဲ့ ဗီဒီယိုအခွေ ပေါ်ထွက်လာခဲ့တာနဲ့ စပ်လျဉ်းပြီး ကြီးကြပ် ကွပ်ကဲသူ ၃ ဦးြ ပစ်မှုကျူးလွန်သူ ၄ ဦးနဲ့ အဲဒီ ဗီဒီယိုရိုက်ကူး ခဲ့တဲ့ တပ်သားတဦးကို အရေးယူ စစ်ဆေးနေတယ် လို့ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။
2017-01-03
အစိုးရဖွဲ့စည်းပေးထားတဲ့ မောင်တောဒေသ စုံစမ်းရေးကော်မရှင်က မနေ့က ထုတ်ပြန် တဲ့ ကြားဖြတ်အစီအရင်ခံစာမှာ လုံခြုံရေး တပ်ဖွဲ့များဟာ ဘင်္ဂလီကျေးရွာများမှာ အဓမ္မပြုကျင့်မှုများ ဥပဒေမဲ့ ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုများ မီးရှို့မှုများပြု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာ အလေးထားစုံစမ်း ခဲ့တယ်လို့ ရေသားထားပါတယ်။
2017-01-03
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
2017-01-03
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အခြေစိုက် Eleven Media Group သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယ ရှိသူ နောက်ထပ်တစ်ဦးကို ထပ်မံဖမ်းဆီး စစ်ဆေးနေတယ် လို့ မုံရွာမြို့မရဲစခန်း ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။
2017-01-03
မနက်ဖြန် ကျရောက်မယ့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲကို အိုးဝေစာအုပ်စင် အဖွဲ့က ဦးစီးပြီး ရန်ကုန်တက္ကသိုလ် သစ်ပုတ်ပင်အောက်က မြက်ခင်းပြင်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-01-03
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို ဘောပင်နဲ့ အမှန်ခြစ် ပေးရမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။