လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ ရန်ကုန်တက္ကသိုလ်မှာ ကျင်းပ
2017.01.03

မနက်ဖြန် ကျရောက်မယ့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲကို အိုးဝေစာအုပ်စင် အဖွဲ့က ဦးစီးပြီး ရန်ကုန်တက္ကသိုလ် သစ်ပုတ်ပင်အောက်က မြက်ခင်းပြင်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးကတည်းကြ မန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပွဲတွေ ဖြစ်နေတာကြောင့် လွတ်လပ်ရေးရတာဟာ တကယ်လွတ်လပ်ရဲ့လားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ကဗျာရွတ်ပွဲကို စီစဉ်တဲ့ အိုးဝေ စာအုပ်စင် အဖွဲ့က ကိုမင်းဆက်ပိုင် က ပြောပါတယ်။
အိုးဝေစာအုပ်စင်ကို ရန်ကုန်တက္ကသိုလ်က ဗကသကျောင်းသားတွေဦးစီးပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကဗျာရွတ်ဆိုပွဲကို ကဗျာဆရာ ၂၅ဦး၊ ရန်ကုန်တက္ကသိုလ်က ဆရာတချို့နဲ့ ဗကသကျောင်းသားဟောင်းတွေ၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗကသကျောင်းသားတွေအပါအဝင် လူဦးရေ ၄၀ ကျော် တက်ရောက်ခဲ့ပြီး ကဗျာဆရာတွေနဲ့ ဗကသကျောင်းသားတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ ကဗျာရွတ်ဆိုပွဲ ကျင်းပတာ ဒါပထမဆုံးအကြိမ်ဖြစ် ပါတယ်။