မကွေးတိုင်းအစိုးရအဖွဲ့ နဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ တွေ့ဆုံ


2017.01.04

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ မကွေးတိုင်းအတွင်းက တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ မနေ့က တိုင်းအစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

တက္ကသိုလ် ၈ ခုက ကျောင်းသားသမဂ္ဂကိုယ်စားပြုသူ ၁ ဦးစီ တက်ရောက်ခဲ့ပြီး ကျောင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မထက်သဉ္ဇာသိမ့် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။