မွန်ပြည်နယ်မှာ တည်ဆောက်မယ့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ အခြေအနေ

0:00 / 0:00

ဒီလအတွင်း ကျင်းပမယ့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ သံဖြူဇရပ်၊ ရေးနဲ့ ကျိုက်မရော မြို့နယ်တွေအတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကုမ္ပဏီ ၂ခုက တင်ပြတဲ့ အခြေအနေတွေအပေါ် လွှတ်တော်က ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။