နန်စီပွန်ဒေသက ရေမဆေးကျောက်ရှာသူတွေကို ဖယ်ပေးဖို့ ညွှန်ကြား

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေအနေနဲ့ ကုမ္ပဏီလုပ်ကွက်တွေအတွင်း ဝင်ရောက်ရှာဖွေတာတွေ မလုပ်ဖို့နဲ့ ကုမ္ပဏီလုပ်ကွက်တွေ အတွင်းကနေ မနက်ဖြန် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

နန်စီပွန်ဒေသမှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်ချထားပြီး ညွှန်ကြားချက်ကို လိုက်နာမှုရှိ မရှိ စောင့်ကြည့်နေတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။