သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-27
ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်နိုင်ခြေကို အားလုံးက ကြိုတင်ခန့်မှန်းထားသင့်ကြောင်းနဲ့ တကယ်လို့ စစ်ကောင်စီက မြို့ကို ပိတ်ဆို့လိုက်ရင်ဖြစ်ဖြစ်၊ မြို့တွင်းမှာ အန္တရာယ်ကြီးမားတဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်လာရင်ဖြစ်ဖြစ် အဆင်ပြေအောင် ၇ ရက်စာ အစားအသောက်၊ သောက်ရေ၊ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားကြဖို့လည်း သတိပေးထားပါတယ်။
2022-07-27
ဒီစစ်ဆင်ရေးအတွင်း နေအိမ်အလုံးတစ်ရာကျော် ဖျက်ဆီးခံခဲ့ရပြီး လွယ်ပေါရွာအုပ်စုထဲက ဒေသခံ လေးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးအဖွဲ့က ဆိုပါတယ်။
2022-07-27
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပြည်နယ်နဲ့တိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေတင်းမာနေတာကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်အခြေအနေတွေ ဆက်လက်မြင့်တက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
2022-07-27
ဒီနေ့ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်က တောင်ဒဂုံမြို့နယ်၊ ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ အိမ်စီးကား Toyota Mark II အဖြူရောင်တစ်စီးနဲ့ ဝင်တိုက်ပြီး ဖြိုခွင်းခံရတာဖြစ်တယ်လို့ ပါဝင်ခဲ့တဲ့ လူငယ်များသမဂ္ဂ (ဗဟို) ရဲ့ ဥက္ကဋ္ဌ ကိုဇော်ထက်က RFA ကို ပြောပါတယ်။
2022-07-27
နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးက တားမြစ်နေတဲ့ကြားက ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်လိုက်တဲ့ကိစ္စဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း ကြားဝင်ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ခြေကို အဟန့်အတားဖြစ်စေတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြဝေဖန်ပါတယ်။
2022-07-27
ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်က ကျေးရွာတွေဟာ အစိုးရအဆက်ဆက် မျက်ကွယ်ပြုထားပေမယ့် ဒေသခံ ရဝမ်လူငယ်လေး တစ်ယောက်ဟာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ကျေးရွာသားတွေ အဆင်ပြေစေဖို့အတွက် လမ်းခင်းတာ၊ တံတားဆောက်တာတွေကို စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးနေပါတယ်။
2022-07-27
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရေမိန် (တောင်) ရွာမှာ စစ်ကောင်စီတပ်က ညအိပ်ဝင်ရောက်စခန်းပြီး ဇူလိုင်လ ၂၆ ရက် မနေ့က ပြန်လည်ထွက်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရတဲ့ လူခြောက်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ကြပါတယ်။
2022-07-27
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ပျူစောထီးတွေအားကောင်းတဲ့ တပ်ကုန်းရွာကို ဇူလိုင်လ ၂၆ ရက် မနေ့ မနက်ပိုင်းမှာ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် ရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ကလေးနှစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
2022-07-27
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းက ဦးဖြိုးဇေယျာသော်ရဲ့ နေအိမ်ကို ဇူလိုင်လ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ အမည်မသိလူအုပ်စုက ခဲတွေ၊ လေးခွတွေနဲ့ လာရောက်ပစ်ပေါက်ခဲ့ပါတယ်။
2022-07-27
ဆေးဝါးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့ အခက်အခဲတွေရှိတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ရန်ကုန်မြို့ရဲ့ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံး ဆေးဝါးတွေ အပါအဝင် ဆေးဝါးဈေးနှုန်းတွေ တက်နေတာကြောင့် ဆေးဆိုင်တချို့လည်း ပိတ်ထားရပါတယ်။
2022-07-27
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးလှထူး စစ်ကြောရေးမှာ သေဆုံးသွားကြောင်း စစ်ကောင်စီဘက်က အသိပေးလာတယ်လို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2022-07-27
စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဆက်တိုက်မြင့်တက်နေတဲ့ ပြည်တွင်းဒေါ်လာဈေးနဲ့ ရွှေဈေးဟာ ဇူလိုင်လ ၂၇ ရက် ဒီကနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၅၀၀ ကျော်အထိ ရောက်လာသလို အခေါက်ရွှေ တစ်ကျပ်သားကလည်း ကျပ်ငွေ ၂၃ သိန်းအထိ ရောက်နေပြီလို့ စီးပွားရေး လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
2022-07-27
အာဏာသိမ်း တစ်နှစ်ခွဲကျော်အထိ တစ်နိုင်ငံလုံးမှာ နေအိမ်နဲ့ အဆောက်အအုံပေါင်း သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ပါတယ်။
2022-07-26
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက .... အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့်မပြုသင့်ကြောင်း မလေးရှားအစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီး အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ကောင်စီ တက်ရောက်မှာကိုလည်း ကန့်ကွက်သွားမယ်လို့ ပြောလိုက်ပါတယ်။
2022-07-26
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာ်သော်တို့ကို ထောင်တွင်းတရားရုံးမှာ လျှို့ဝှက် စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ သေဒဏ် အမှန်တကယ် စီရင်လိုက်တာဟာ နိုင်ငံတကာ ဥပဒေအရရော မြန်မာနိုင်ငံဥပဒေတွေအရပါ တရားမဝင်တဲ့စီရင်မှု ဖြစ်တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေပညာရှင်တွေက ပြောပါတယ်။