အတိုက်အခံလေးဦးကို ကွပ်မျက်မှု ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌ ပြော
2022.07.26
ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နဲ့ ဂျပန်နိုင်ငံတို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ ကလည်း .... အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့်မပြုသင့်ကြောင်း မလေးရှားအစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီး အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ကောင်စီ တက်ရောက်မှာကိုလည်း ကန့်ကွက်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဒီအကြောင်း ဦးသစ်ဆင်းက ကောက်နုတ်တင်ပြထားပါတယ်။