သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-28
ရုရှားဟာ မြန်မာရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အပြီးမှာ ပုံမှန်လုပ်နေကျ လက်နက် ဝယ်ယူမှုတွေကို အရင်ကထက် ပိုပြီး တိုးမြှင့်လာနိုင်တယ်လို့ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
2021-06-28
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာက အသက် ၅၃ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်ဟာ အမည်မသိ သေနတ်သမားနှစ်ဦးရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-06-28
ချင်းပြည်နယ်မှာ Covid-19 ကြောင့် ဇွန်လ ၂၇ ရက် မနေ့ကအထိ တစ်လခွဲအတွင်း သေဆုံးသူ ၅၃ ဦး ရှိနေပြီလို့ ချင်းပြည်နယ်ထဲက Covid-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
2021-06-28
စစ်ကိုင်းတိုင်း၊ ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာ ဇွန်လ ၂၇ ရက် မနေ့က ကလေးမြို့ ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကလေး PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ကိုးယောက် သေဆုံးတယ်လို့ PDF အဖွဲ့က ပြောပါတယ်။
2021-06-28
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တစ်ဖက်ကမ်း မဲဆောက်မြို့မှာ ရှိတဲ့ အထည်ချုပ်စက်ရုံ နှစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄၅၀ ကျော်နဲ့ အခြား လက်လုပ်လက်စားတွေထဲက မြန်မာ ၁၀ ဦး အားလုံး ၄၆၀ ကျော် ကိုဗစ်ရောဂါပိုး တွေ့ရှိလို့ မဲဆောက်မြို့ကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ၂၅ရက်ကစပြီး အသွားအလာ ကန့်သတ် လိုက်ပါတယ်။
2021-06-28
မနေ့က၂၄နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈ဝ၄ ယောက်တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ၂၇ရက် ညပိုင်းက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၅၃,၁၆ဝ ရှိသွားပါပြီ။ ကိုဗစ်ကြောင့် သေဆုံးသူလည်း ခုနစ်ယောက်ထပ်ပြီး တိုးလာလို့ သေဆုံးသူစုစုပေါင်းက ၃၂၉၇ ယောက်ရှိ သွားပါပြီ။
2021-06-28
ကလေးမြို့မှာ ဇွန်လ ၂၅ရက်နေ့က ချင်းအမျိုးသား သားအဖနှစ်ဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး သားဖြစ်သူဟာ ကိုဗစ်ရောဂါကြောင့် ၂၄နာရီအတွင်း သေဆုံးတယ်ဆိုပြီး အလောင်းကို ပြန်မပေးဘဲ စစ်ကောင်စီက သင်္ဂြိုဟ်လိုက်ပါတယ်။ မိသားစုဝင်တွေကတော့ သေဆုံးသူ ဆလိုင်း ဗန်ထာကျုံးဟာ စစ်ကြောရေးမှာ နှိပ်စက် ညှဉ်းပန်းမှုတွေကြောင့် သေဆုံးခဲ့တယ်လို့ သံသယဖြစ်နေကြပါတယ်။
2021-06-27
အတိုက်အခံ အကြီးတန်းအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ ရှိနေတဲ့နေရာကို သိရအောင် ဖမ်းဆီးထားတဲ့လူတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်း စစ်ဆေးနေတယ်လို့ မကြာခင်က လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား သတင်းသမား ဦးနေသန်မောင်က CNN သတင်းဌာနကို ပြောပါတယ်။
2021-06-27
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာမှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2021-06-27
ဇွန် ၂၅ ရက် နဲ့ ဇွန်လ ၂၆ ရက် နှစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကိုပြောပါတယ်။
2021-06-27
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လဝက ရုံးအနီးမှာ ဇွန် ၂၇ ရက်၊ ဒီနေ့ နေ့လယ်က ပေါက်ကွဲမှုကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားလိုက်ရတယ်လို့ သမိုင်းမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-06-27
ရန်ကုန် အင်းစိန်မြို့နယ်ထဲမှာ ဇွန်လ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာတင် ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက် ဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့ဒေသခံတစ်ဦးက RFA ကို ပြော ပါတယ်။
2021-06-27
စစ်ကိုင်းတိုင်းအခြေစိုက် Zeyar Time သတင်းဌာနက ကိုဒီမြတ်ငြိမ်းနဲ့ ကိုစောပြည့်ချမ်းသာတို့ သတင်းထောက် နှစ်ဦးဟာ ဇွန်လ ၂၆ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2021-06-27
တောင်ကိုရီးယားရောက် မြန်မာလူငယ်တွေ ဆိုးလ်မြို့ရှိ မြန်မာစစ်သံရုံးရှေ့မှာ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဒီနေ့ ဇွန်လ ၂၇ ရက်နေ့က ဆန္ဒပြနေတာပါ။
2021-06-26
လားရှိုးမြို့မှာ ဇွန်လ ၈ ရက်နေ့က ဇွန်လ ၂၆ရက်နေ့ညနေပိုင်းအထိ ပိုးတွေ့လူနာ သုံးရာလောက်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူ လေးဦးရှိခဲ့တယ်လို့ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီစာရင်းတွေမှာ ဖော်ပြထား ပါတယ်။