သဲဖြူဝရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

2021.06.27
သဲဖြူဝရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ သေနတ်နဲ့ ပစ်ခံရတဲ့ သဲဖြူဝကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး လဲကျနေတာကို ၂၀၂၁၊ ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာမှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

သဲဖြူဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး ဟာ ဇွန်လ ၂၇ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲခန့်က နေအိမ်နဲ့ တစ်မိုင်ခန့်အကွာ မြင်းခြံ - ပုဂံ - ညောင်ဦးသွား ကားလမ်းဘေး ကျော် စက်သုံးဆီ အရောင်းဆိုင်နားမှာ သေနတ်နဲ့ သုံးချက် ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သဲဖြူ၀ ကျေးရွာက အုပ်ချုပ်ရေးမှူး ကိုမြင့်ဌေး ကို သေနတ်အတိုနဲ့ သုံးချက်လောက် ပစ်သွားတယ် ကြားတယ်။ ၁၀ နာရီခွဲလောက်က။ ကျော် စက်သုံးဆီ အရောင်းဆိုင်နားမှာ။ မြင်းခြံ - ပုဂံ - ညောင်ဦး သွားတဲ့ ကတ္တရာလမ်းပေါ်မှာ။ နောက်ကျောကို နှစ်ချက်၊ ရင်ဘတ် တစ်ချက်၊ သုံးချက် အပစ်ခံရတာ။"

ဦးမြင့်ဌေး ဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်သလို စစ်ကောင်စီကို သတင်းပေးတာတွေ ကြောင့် ရွာမှာရှိတဲ့ ဆန္ဒပြလူငယ်တွေ ဖမ်းဆီးခံရတာ တချို့လည်း ထွက်ပြေးနေရတာတွေ ရှိတယ်လို့ ဆိုကြပါတယ်။

သေဆုံးသွားခဲ့တဲ့ ဦးမြင့်ဌေး ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်သယ်ယူသွားခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။