သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-26
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တစ်သောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2012-06-25
အင်္ဂလိပ်လူမျိုး Rex Bloomstein ရိုက်ကူးတဲ့ This Prison where I live ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင် ဆိုတဲ့ လူရွှင်တော် ဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင်ကို လန်ဒန်မြို့ရှိ Amnesty International အပြည်ပြည်ဆိုင်ရာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ရုံးခန်းမှာ မနေ့နေ့လည်က ပြသခဲ့ပါတယ်။
2012-06-25
( ယခု စာမျက်နှာ သည် သတင်းကို ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။ ဖုန်းနံပါတ်များပေးကါ အလုပ်တောင်းရန် မဟုတ်ပါ။ - အယ်ဒီတာ ) မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင် ရှာဖွေတာနဲ့ ပတ်သက်လို့ နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ ရာသက်ပန် အခမဲ့ ဝန်ဆောင်မှု အင်တာနက် ဝက်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2012-06-25
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ခေတ္တရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန် စံတော်ချိန် တနင်္လာနေ့ ညနေပိုင်းမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂေါ်ဒန် ဘရောင်းနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ခရီးစဉ်တွေ စီစဉ်ဆောင်ရွက်နေတဲ့ ဦးခွန်သာမြင့်က RFA ကို အတည်ပြု ပြောဆိုပါတယ်။
2012-06-25
မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2012-06-25
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တိုင်းပြည်အတွက် အကျိုးပြုသူတွေကို ပြန်လည်စုစည်းနိုင်ဖို့ အရေးကြီးကြောင်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ အာအက်ဖ်အေကို ပြောဆိုလိုက်ပါတယ်။
2012-06-24
ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့သူတွေ သေဆုံးရတာနဲ့ နေရပ်အိုးအိမ် စွန့်ခွာရသူတွေအတွက် အဖွဲ့လေးဖွဲ့က ကြီးမှူးပြီး အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဒေသစံတော်ချိန် မနေ့ည ၇ နာရီက ကျင်းပပါတယ်။
2012-06-24
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် နယ်စပ်မြို့တွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာ ရှိနေဆဲပဲလို့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
2012-06-24
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ ရသာကောင်းချိုချဉ် စက်ရုံက အလုပ်သမားတွေ တောင်းဆိုထားတဲ့ အခြေခံ လုပ်အားခ တိုးမြှင့်ရေး အပါအဝင် အချက် ၉ ချက်ပါ အလုပ်သမား အခွင့်အရေးတွေကို လိုက်လျောဖို့ အလုပ်ရှင်က ဒီနေ့မှာ သဘောတူလိုက်ပါတယ်။
2012-06-24
မန္တလေးမြို့မှာ ရှိတဲ့ မန္တလေးတက္ကသိုလ် (ပင်မ)၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အဝေးသင်တက္ကသိုလ် (မန္တလေး) တို့ပါဝင်တဲ့ တက္ကသိုလ် (၃) ခုက ကထိကများ၊ ပါမောက္ခများ စတဲ့ ဆရာ၊ ဆရာမဦးရေ (၄၀) ခန့်က ဘုန်းကြီးကျောင်း တခုမှာ ဒီကနေ့ နေ့လည် (၁) နာရီက တွေ့ဆုံ ဆွေးနွေးပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂကို ယာယီ ကော်မတီအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2012-06-24
တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။
2012-06-23
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ် ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာခင် ရက် ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။
2012-06-23
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ စကား ဝိုင်း ဆွေးနွေးပွဲ အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပနိုင်ငံတွေ မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို အခြေပြု ဆွေးနွေးထားပါတယ်။
2012-06-23
ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုချက်ကို အလုပ်ရှင်က မလိုက်လျောသေးတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
2012-06-23
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျွန်းကြီးနဲ့ အပြင် ပဒန်ရွာတွေမှာ ဝါဝါဝင်းကုမ္ပဏီက လယ်ဧက ၄ ရာကျော် သိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ လျော်ကြေးကို ပေါက်ဈေးအတိုင်း မပေးတဲ့အတွက် လယ်သမားတွေသဘောမတူဘဲ သက်ဆိုင်ရာကို တိုင်ကြားထားတယ်လို့ သတင်းရရှိပါတယ်။