ရခိုင်ပြည်နယ်က နယ်စပ်ဒေသတွေမှာ ဒုက္ခသည် အခြေအနေတွေ စိုးရိမ်နေရဆဲ
2012.06.24

မောင်းတောမြို့မှာ နှစ်ရက်ကြာ သွားရောက်ခဲ့တဲ့ မနီလာသိန်းက အခြေအနေတွေကို အခုလို ပြောပြပါတယ်။
"နှစ်ပေါင်းများစွာ နယ်စပ်ဒေသမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ နယ်စပ်မှာ လုံခြုံမှု မရှိဘူး။ အကာအကွယ်ပေးမယ့်သူ မရှိဘူး။ အဲဒီရဲ့ရလဒ်တွေဟာ ကနေ့ လုပ်ပြီး ကနေ့ ဖြစ်လာတဲ့ အကြောင်းအရာတွေ မဟုတ်ဘဲနဲ့ နှစ်ပေါင်းများစွာကနေပြီးတော့ အဲဒီနယ်စပ်မှာ ပျက်နေတဲ့ အနေအထားတွေ၊ အဲဒီ အကျိုးဆက်တွေ အားလုံးကို ရခိုင်ပြည်သူတွေက ကနေ့ ကြုံတွေ့လိုက်ရတယ်။"
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိနိုင်ဖို့အတွက် စစ်တွေမြို့ အပါအဝင် ဘူးသီးတောင်၊ မောင်းတော မြို့တွေမှာ ရက်ပေါင်း အတော်ကြာ လေ့လာမှာ ဖြစ်ပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ အလှူခံ စခန်းကနေ ပို့လိုက်တဲ့ ပစ္စည်းတွေဟာ စစ်တွေမြို့ကို ရောက်ရှိနေပြီလို့ မမီးမီးက ပြောပါတယ်။
အလားတူပဲ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ အဖွဲ့လည်း ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမြို့တွေက ဒုက္ခသည်တွေကို သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမီးမီးကို RFA က မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |