ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ
2012.06.23
ညွှန်ချုပ် နဲ့ ဒုညွှန်ချုပ် တို့ လာရောက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းပေးခဲ့ပေမဲ့ အလုပ်ရှင်က ဘာကိုမှ လိုက်လျောပေးမှာ မဟုတ်ဘဲ ကျေနပ်တဲ့သူလုပ် မကျေနပ်တဲ့သူမလုပ်ဖို့ သာ တုန့်ပြန်ပြောဆိုခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုနေလွင်ထွန်း က RFA ကို ပြောပါတယ်။
အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတဦး ပိုင်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။
မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား (၆၅၄) ဦး ရှိပါတယ်။ သူတို့ကို အခြေခံလုပ်ခ လစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် လစာ တိုးပေးဖို့ ဇွန်လ ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။