မန္တလေးတက္ကသိုလ် ၃ ခုက ဆရာဆရာမ ၄၀ သမဂ္ဂဖွဲ့
2012.06.24

ဒီယာယီ ကော်မတီကို မန္တလေးအဝေးသင် တက္ကသိုလ်၊ စိတ်ပညာဌာနက တွဲဘက်ပါမောက္ခ ဆရာဦးသက်လွင်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး အဖွဲ့ဝင် (၇) ဦးနဲ့ ဖွဲ့စည်းခဲ့တာလို့ ကော်မတီဝင် ဆရာတဦးက ပြောပါတယ်။
“မြန်မာ့လူ့အဖွဲ့အစည်းတရပ်လုံး၏ ကောင်းကျိုးနှင့် တိုးတက်မှုအတွက် နောက်ခံပြုထားသော တက္ကသိုလ် အဖွဲ့အစည်းကြီး တခု ပေါ်ပေါက်ရန်၊ နိုင်ငံတော် အတွက် လိုအပ်လျှက်ရှိသော ပညာရည် ပြည့်ဝ၍ တည်ထွင် ဖန်တီးနိုင်မှု ရှိပြီး ထူးချွန်ထက်မြတ်သော နိုင်ငံသားကောင်းများ မွေးထုတ်ပေးရန်၊ ထွက်ရှိလာသော သုတေသန ရလဒ်ကောင်းများကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၌ အားထားရသည့် ဖောင်ဒေးရှင်းနှင့် ကုမ္ပဏီကြီးများအား ချိတ်ဆက်၍ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ သုတေသနနှင့် လူစွမ်းအား ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်သွားရန်၊ မျိုးဆက်သစ် ဆရာ ဆရာမငယ်များအား ပြည်တွင်းပြည်ပမှ အတွေ့အကြုံ ပညာသဘာ ရင့်ကျက်သော ဆရာကြီး၊ ဆရာမကြီးများမှ သင်တန်းများ ဖွင့်လှစ်ပြီး ပညာလက်ဆင့် ကမ်းပေးရန်”
ဒါ့အပြင် အငြိမ်းစား သက်ကြီးဆရာ၊ ဆရာမကြီးများကို ကျန်းမာရေး လူမှုရေး ကူညီဆောင်ရွက်ရေး၊ တက္ကသိုလ်ဆရာ ဆရာမများရဲ့ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး နယ်ပယ်အတွင်း လာဘ်ပေး၊ လဘ်ယူနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး၊ ဂုဏ်သိက္ခာရှိပြီး ပညာရည်မြင့်မားသော နိုင်ငံတကာ အဆင့်မှီ ဆရာဆရာမများ ပေါ်ထွန်းအောင် ဆောင်ရွက်ရေးစတဲ့ အချက် (၉) ချက်နဲ့ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
ဒီလိုဖွဲ့တာဟာ ဥပဒေနဲ့ အညီဖွဲ့တာလို့လည်း စောစောက တက္ကသိုလ်ဆရာက ပြောပါတယ်။
“ကျနော်တို့က ကိုးကားတာကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် (၂၄) အရ ဝန်ထမ်းတွေက အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရှိတယ်ပေါ့နော်။ အဲဒီဥပဒေအရ ကျနော်တို့ တရားဝင် လုပ်တာပါခင်ဗျ။”
လတ်တလော လုပ်ငန်းစဉ်ကိုတော့ ရှေ့အပတ်မှာ ချမှတ် အကောင်အထည် ဖော်မှာဖြစ်ပြီး၊ ဒီကော်မတီကို လာမယ့် အင်္ဂါနေ့မှာ အလုပ်သမား ဝန်ကြီးဌာနကို သွားရောက်ပြီး တရားဝင် မှတ်ပုံတင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မြတ်စိုးက အခုလို သတင်း ပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |