ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တွေ့ဆုံမည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ခေတ္တရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန် စံတော်ချိန် တနင်္လာနေ့ ညနေပိုင်းမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂေါ်ဒန် ဘရောင်းနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ခရီးစဉ်တွေ စီစဉ်ဆောင်ရွက်နေတဲ့ ဦးခွန်သာမြင့်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

2012.06.25
၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်က လန်ဒန်မြို့ Westminster Hall တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗြိတိသျှ ပါလီမန်နှစ်ရပ်အား မိန့်ခွန်းပြောကြားအပြီး ဗြိတိန် ဝန်ကြီးချုပ် David Cameron (ဝဲ)၊ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Ed Miliband (ဝဲမှ ဒုတိယ)၊ ဗြိတန်ဝန်ကြီးချုပ်ဟောင်း Gordon Brown (ယာမှ ဒုတိယ)တို့နှင့်အတူ တွေ့ရစဉ်။
AFP

မနက်ဖြန် အင်္ဂါနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ဟာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့ မှာ ပြင်သစ် နိုင်ငံကနေ မြန်မာပြည်ကို ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိန်နိုင်ငံက မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။