သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-27
(KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပလော်မော်ခို့ရွာ (ဒေသအခေါ် ကျွန်းတော) ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့တာကြောင့် စစ်သုံ့ပန်းတစ်ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦး အပါအဝင် ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-02-27
ရခိုင်ပြည်နယ်မှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ အရာခံနဲ့ တပ်သားတွေကို စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာ ရှိ၊ မရှိ စစ်ဆေးနေပြီး အမိန့်ပေးတဲ့သူ၊ အကောင်အထည်ဖော်ခဲ့တဲ့သူတွေကို သူတို့ဥပဒေအရ အရေးယူသွားမယ်လို့ (AA) က RFA ကိုပြောပါတယ်။
2024-02-27
မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်တာကြောင့် KIA က ဖမ်းဆီးထားတဲ့ ဒေသခံတွေ ခံဝန်နဲ့ ပြန်လွတ်လာပေမယ့် မြေရှားသတ္တုတူးဖော်မှုတွေကိုတော့ ဆက်လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-27
ကျောက်မဲမြို့နယ် နောင်ပြစ်ရွာမှာ လက်နက်ကြီး အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2024-02-27
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာရှိတဲ့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ နေအိမ်အပါအဝင် သစ်စက်ဝန်ထမ်းအိမ်ရာနဲ့ သစ်စက်တွေကို ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။
2024-02-27
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ဒီနှစ်ထဲမှာ အေးနေဦးမယ်လို့ ထိုင်းစက်ရုံများအဖွဲ့ချုပ် FTI က ပြောလိုက်ပါတယ်။
2024-02-27
မုံရွာမြို့နယ်တောင်ဘက်မှာရှိတဲ့ Monywa Special ဒိတ်ဒိတ်ကြဲ ပြည်သူ့ကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။
2024-02-27
မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ထိုင်းနိုင်ငံက လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ထားနိုင်သလို၊ အဲဒီတက်ကြွလှုပ်ရှားသူတွေကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မတူတဲ့ဆက်ဆံရေးမျိုး ထားသင့်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန်း က ပြီးခဲ့တဲ့ သောကြာနေ့က မဲဆောက်ခရီးစဉ်မှာ ပြောလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
2024-02-26
ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာ လူငယ် ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-26
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တစ်ပတ်အတွင်း ဒေသခံ ဆယ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ပါတယ်။
2024-02-26
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခုနစ်သောင်းနီးပါး (၂၆၈,၇၃၁) ထပ်တိုးလာပါတယ်။
2024-02-26
မင်းပြားမြို့နယ် သေကန်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၄ ဦးဒဏ်ရာရခဲ့ပါတယ်။
2024-02-26
နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို မတ်လအတွင်းမှာ ထုတ်ဝေမယ့်သတင်းဟာ မဟုတ်မှန်ဘူးလို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
2024-02-26
သူတို့နှစ်ဦးကို ဂုဏ်ပြုရင်း တော်လှန်ရေး၊ နိုင်ငံရေးတာဝန်တွေ လက်ဆင့်ကမ်းထမ်းဆောင်ရမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး က ပြောပါတယ်။
2024-02-26
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာဟာ စစ်တပ်က ကျူးလွန်လိုက်တဲ့ ဆိုးဆိုးဝါးဝါးအမှားတစ်ခု ဖြစ်တယ်လို့လည်း မစ္စတာ ဘရက်အာဒမ်စ်က ပြောပါတယ်။