မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း ထိုင်း ပြော

RFA Burmese
2024.02.27
မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း ထိုင်း ပြော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး အလေးချိန်ချိန်ရန် စောင့်ဆိုင်းနေသည့် ကုန်တင်ကားများအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
LILLIAN SUWANRUMPHA / AFP

မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေ ဆက်ပြီးကြီးထွားနေသေးတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ဒီနှစ်ထဲမှာ အေးနေဦးမယ်လို့ ထိုင်းစက်ရုံများအဖွဲ့ချုပ် FTI က ပြောလိုက်တဲ့အကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ကုန်သွယ်ရေးမှာ ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ FTI ဒုဥက္ကဋ္ဌ မစ္စတာ မွန်ထရီက ပြောပါတယ်။

မြန်မာပြည်မှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အပါအဝင်၊ တခြား အိမ်နီးချင်းနိုင်ငံတွေက မိသားစုတွေအလိုက် ကြွေးမြီပြဿနာနဲ့ ငွေကြေးဖောင်ပွမှုမြင့် တက်နေတာတွေ၊ စတဲ့တခြားစိန်ခေါ်မှုတွေရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ သူ့အိမ်နီးချင်းတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားတို့နဲ့ နယ်စပ်ကုန်သွယ်မှုရှိပြီး၊ ဒီနိုင်ငံတွေကို တရုတ်နိုင်ငံလုပ်ပစ္စည်းတွေ စျေးပေါပေါနဲ့ဝင်နေတာကလည်း ထိုင်းနိုင်ငံထဲက ထုတ်ကုန်သမားတွေအတွက် ထိခိုက်စေတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံကနေ သံမဏိ၊ အလူမီနီယံ၊ ပလပ်စတစ်၊ ဘိလပ်မြေ၊ အိမ်တွင်းသုံးဆေးဝါးနဲ့ ရေနံဓာတုထုတ်ကုန်တွေ အပါအဝင် စက်မှုလက်မှုလုပ်ငန်းမှာအမျိုးအစား ၂၀ လောက်အထိရှိခဲ့ပြီး စျေးကွက်မှာ အပြိုင်ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒီလိုစျေးကွက်ပြိုင်နေရတဲ့အချိန်မှာ တရုတ်ရဲ့ ပစ္စည်းတွေစျေးပေါပေါနဲ့တင်သွင်းနေလို့ ထိုင်းရဲ့ထုတ်ကုန် ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချခဲ့ရတယ်လို့လည်း FTI ဒုဥက္ကဋ္ဌက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။