သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-28
မြ၀တီက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen တို့ ဒီဇင်ဘာ ၂၇ ရက်က ဆွေးနွေးခဲ့ပါတယ်။
2023-12-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ် ခလရ (၅၈) တပ်ရင်းအနီး မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-28
ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းရွာကို စစ်တပ်က ဗုံးသီး ဆယ်လုံးလုံးကျော် ကြဲချတိုက်ခိုက်တာကြောင့် ကလေးတစ်ဦးအပါ အရပ်သား လေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
2023-12-28
နိုဝင်ဘာလအတွင်း သိမ်းယူခဲ့တဲ့ ကောလင်းမြို့၊ ရွှေပြည်အေးမြို့ ၊ ခမ်းပတ်မြို့နဲ့ အခု ဒီဇင်ဘာလမှာ သိမ်းလိုက်တဲ့ မော်လူးမြို့ အပါအဝင် မြို့လေးမြို့ကို ပြည်သူ့တော်လှန်ရေးတပ်တွေက သိမ်းလိုက်တာဖြစ်ပါတယ်။
2023-12-28
နမ္မတူမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၂၄) တပ်ကို TNLA က ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
2023-12-27
ကိုးကန့်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အနည်းဆုံး အရပ်သား ၆၅ ဦး သေဆုံးခဲ့တယ်လို့ MNDAA က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-12-27
ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီကို တအာင်းဒေသအခြေစိုက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့နေပါတယ်။
2023-12-27
ဒီဇင်ဘာ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ မိုင်းငေါ့တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
2023-12-27
ကျောင်းသားတစ်ဦးက ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်မပေးနိုင်ရင် အာချေးက လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့လည်း AFP ကို ပြောခဲ့ပါတယ်။
2023-12-27
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ရာနဲ့ချီ မြို့ထဲက ထွက်ခွင့်မရဘဲ ပိတ်မိနေပါတယ်။
2023-12-27
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး နှစ်လတာအတွင်း ရှမ်းမြောက်ဒေသက မြို့ကိုးမြို့ကို သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။
2023-12-27
နမ္မတူမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး မြို့ကိုလက်မလွှတ်ရေး စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-27
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အထူး စီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောလိုက်ပါတယ်။
2023-12-27
နတ်သံကွင်းမြို့မှာ နှစ်ရက်တာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေက ထိခိုက်သေဆုံးမှုတွေအပြင် အရပ်သား ထိခိုက်သေဆုံးမှုတွေပါ ရှိနေပါတယ်။
2023-12-27
ပုသိမ်က တရုတ်အထည်ချုပ်စက်ရုံ သုံးရုံ ဒီဇင်ဘာထဲမှာ ပိတ်သိမ်းသွားတာကြောင့် အထည်ချုပ်လုပ်သား သုံးထောင်ခန့် အလုပ်လက်မဲ့ ဖြစ်သွားသလို နစ်နာကြေး အပြည့်အ၀မရတာတွေလည်း ကြုံနေရပါတယ်။