ကိုးကန့်မှာ နှစ်လအတွင်း အရပ်သား ၆၅ ဦး သေဆုံး

RFA Burmese
2023.12.27
ကိုးကန့်မှာ နှစ်လအတွင်း အရပ်သား ၆၅ ဦး သေဆုံး ကွမ်းလုံဒေသတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တချို့အား တွေ့ရစဉ်။
The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အနည်းဆုံး အရပ်သား ၆၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်လို့ ဖော်ပြထားပြီး ထိခိုက်ဒဏ်ရာရသူ ၆၆ ဦး ရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ လောက်တုန်ကုတ်ရွာကို ကျရောက်ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ MNDAA က ရေးသားထားပါတယ်။

ကိုးကန့် တုန်ချိန်ရပ်ကွက် ဟွမ်ကွမ့်ဟိုတယ်အနီးကိုလည်း ခရစ်စမတ်နေ့ ဒီဇင်ဘာ ၂၅ ရက်က လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် အရပ်သား ရှစ်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာ အတွင်း ရှမ်းမြောက်ဒေသက မြို့ ကိုးမြို့ကို သိမ်းယူထားနိုင်ခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးမှာ အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။