သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-28
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့အဖွဲ့နဲ့ ကဗျာဆရာ တော်လှန်ရေးသမား မောင်ဆောင်းခ ဦးဆောင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြား စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီကြောင်း ကြေညာချက်တစ်စောင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။
2022-10-28
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လက်ခံပြီး အာဆီယံဆီ တာဝန်လွှဲနေတာကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရမယ်လို့ ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး(ထိုင်းနိုင်ငံ) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာပါ။
2022-10-28
အောက်တိုဘာ ၂၃ ရက်နေ့ညက ကေအိုင်အေ နှစ်ပတ်လည်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကေအိုင်အေ တာဝန်ရှိသူတချို့အပြင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက ဒီတိုက်ခိုက်မှုက ကေအိုင်အေကို တန်ပြန်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
2022-10-28
သူတို့နှစ်ဦးဟာ ၂ဝ၂၁ ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး ၈လအကြာမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခံခဲ့ရတာပါ။
2022-10-28
အသက်ပေါင်းများစွာ သေဆုံးစေတဲ့ ထိပ်တိုက်လက်နက်ကိုင် ရင်ဆိုင်တိုက်ပွဲတွေကို ရှောင်ကြဖို့နဲ့၊ မျိုးရိုးစဉ်ဆက် ရန်ငြိုးထားတာတွေကို ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းရမယ်လို့လည်း UWSA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
2022-10-28
အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာ အချိန်တစ်နှစ်ကျော် ရှိပြီဖြစ်တာကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ အချိန်တန်ပြီလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
2022-10-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကေအိုင်အေ တပ်မဟာ (၉)ထိန်းချုပ်နယ်မြေမှာ အနန့်ပါမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေအတွက် ဆုတောင်းပွဲတွေ နဲ့ဆေးကုသပေးမှုတွေ မလုပ်ဖို့ စစ်ကောင်စီဘက်က ကန့်သတ်ထားပါတယ်။
2022-10-28
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၇ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်တွေအကြား နှစ်ဖက်တိုက်ပွဲကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2022-10-28
အိုမန်နိုင်ငံကိုရောက်နေတဲ့ အမျိုးသမီးအားလုံးနီးပါးဟာ အလုပ်ချိန် မတရားခိုင်းစေတာ၊ နားရက်မရတာ၊ အစားအသောက် ပုံမှန်မစားရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
2022-10-28
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံက အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ဒေသခံ ရေလုပ်သားတွေကို ထိခိုက်စေနိုင်တဲ့အတွက် အဲဒီစီမံကိန်းကို အလိုမရှိကြောင်း ဒေသခံတွေက အောက်တိုဘာလ ၂၇ ရက် မနေ့က ကန့်ကွက်ခဲ့ကြပါတယ်။
2022-10-28
ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းလေးခုက ဒုက္ခသည် ၂၆၀၀ ကျော်ကို လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးထားပါတယ်။
2022-10-28
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး (ပ.အ.ဖ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံးစိုက်တဲ့နေရာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၇ ရက် မနေ့က သွားရောက်ရှင်းလင်းရာမှာ ပစ်သတ်ခံထားရတဲ့ အလောင်း ၁၁ ကိုတွေ့ရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
2022-10-28
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေရွာသား ၁၀၀ ခန့်ဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ အောက်တိုဘာလ ၂၈ ရက် ဒီနေ့အထိ အချိန်နှစ်ပတ်နီးပါးကြာ စစ်ကောင်စီတပ်သားတွေရဲ့ ထိန်းသိမ်းစစ်ဆေးမှုကို ခံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-28
လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို ခရိုင် ခုနစ်ခုက တပ်မဟာမှူးတွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး တင်ပြကြတာပါ။
2022-10-28
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇာတိ ကျောက်ဆည်ခရိုင်တစ်ခုတည်းမှာတင် ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၊ ကျောက်ဆည်တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ဆိုပြီး အဆင့်မြင့်ပညာ တက္ကသိုလ်နဲ့ သိပ္ပံကျောင်း လေးခု ရှိပါတယ်။