သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-28
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-01-28
စစ်အစိုးရခေတ်မှာ ကျောင်းသားလှုပ်ရှားမှုနဲ့ အလုပ်သမားလှုပ်ရှားမှုတွေဦးဆောင်ခဲ့ဖူး တဲ့ လူငယ် ၅ ယောက်က ဆိုရှယ်ဒီမို ကရက်တစ်ညီညွတ်ရေးတပ်ဦးဆိုတဲ့ အဖွဲ့တဖွဲ့၊ ဖွဲ့စည်း လိုက်တဲ့အကြောင်း မနေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။
2017-01-28
မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာ ကြီးနားက မီးရထားဝန်ထမ်းအိမ်ယာမှာ မနေ့ည ၁၀ နာရီ လောက်ကစပြီး မီးလောင်လို့ လိုင်းခန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
2017-01-27
မြန်မာပြည်က ရရှိတဲ့ ပယင်းကျောက်တခုအတွင်းမှာ လွန်ခဲ့တဲ့နှစ် သန်းပေါင်းတစ်ရာလောက်က ရှင်သန်ခဲ့တဲ့ အင်းဆက်ပိုးမွှားတကောင်ကို တွေ့ရှိရကြောင်းအမေရိကန်ပညာရှင်တွေက ကြေညာလိုက်ပါတယ်။
2017-01-27
မြန်မာနိုင်ငံမှာ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘာ့ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီ ဗီဇာတို့ပူးပေါင်းပြီး အကြွေးကဒ်ပြား အမျိုးအစား ၂ ခုကို ဒီအပတ်အတွင်း ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
2017-01-27
မြန်မာသားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ WCS (Wildlife Conservation Society) က မြန်မာနိုင်ငံမှာရှိတဲ့ ဆင်တွေ ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်နေ ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2017-01-27
မြန်မာနိုင်ငံနဲ့ ကပ်လျှက် ထိုင်းနိုင်ငံ မဲဆိုင် ခရိုင်ပိုင်နက်မှာ ကြာသပတေးနေ့ည က မြန်မာနိုင်ငံကလာတဲ့မူးယစ်ဆေး ဝါးမှောင်ခိုတွေနဲ့ ထိုင်းတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ကြ ပြီးနောက် စိတ်ကြွမူးယစ်ဆေးပြား ၃ သိန်းနီးပါးနဲ့ သယ်ဆောင်သူတဦးကို အသေဖမ်းဆီးမိခဲ့တယ်လို့ သိရပါ တယ်။
2017-01-27
NLD အစိုးရသစ် တက်လာပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မူတွေထဲမှာ မြန်မာနိုင်ငံ အနောက် ဘက်ခြမ်း ရခိုင်ပြည်နယ်က ပြဿနာ နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်း သားဒေသတွေက ငြိမ်းချမ်းရေးကိစ္စဟာ အဓိကဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ဒီပြဿနာတွေကိုရှင်းဖို့ ကြိုးစားနေတာမှန်ပေမယ့် စိန်ခေါ်မှုအသစ်အသစ်တွေက ထွက်ပေါ်လာ မစဲဖြစ်ပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက် တင်ပြပါမယ်။
2017-01-27
ပုသိမ်ပညာရေးကောလိပ်က ၂၀၁၆ ခုနှစ် ဆရာအတတ်သင် ဒီပလိုမာသင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ အရည်အချင်းသတ်မှတ်ချက်နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းရဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် သတ်မှတ်ချက်တွေမှာ ကိုယ်အင်္ဂါမသန်စွမ်းမှုတွေကို အသေးစိတ် ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး ဝေဖန်ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။
2017-01-27
မြန်မာနိုင်ငံက မွေးမြူရေးငါးရှဉ့်တွေကို ဂျပန်နိုင်ငံကို တိုးမြှင့်တင်ပို့ဖို့ မြန်မာနဲ့ ဂျပန်ကုမ္ပဏီတွေ စာချုပ်ချုပ်ဆိုလိုက် ပါတယ်။
2017-01-27
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအတန်းအစား ကျဆင်းမှုတို့ ကနေ ဖြစ်ပေါ်လာတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ အတွက် နော်ဝေနိုင်ငံရဲ့ ကူညီထောက်ပံ့မှု အမေရိကန်ဒေါ် လာ ၅.၅ သန်းကျော်နဲ့ စတင်လုပ်ဆောင်သွားမယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
2017-01-27
ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အခုလ ၂၃ ရက်နေ့ကစပြီး လိုင်စင်တွေပြု လုပ်ပေးနေပေမယ့် လာရောက်လုပ်ကိုင်နေသူတွေ နည်းနေသေးတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
2017-01-27
မြန်မာနိုင်ငံမှာ ရေကာတာ တည်ဆောက်ရေး စီမံကိန်းတွေ မြှင့်တင်ဖို့အတွက် ရန်ကုန်၊ မြစ်ကြီးနားနဲ့ လွိုင်ကော်မြို့တွေမှာ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း IFC က ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ကန့်ကွက်ကြောင်း တိုင်းရင်းသားလူမှုအဖွဲ့အစည်းတွေက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2017-01-27
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အေဒီ ၆ ရာစုဝန်းကျင်လောက်က စတင်ရေးထိုးခဲ့တဲ့ အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ကို ကုလသမဂ္ဂယဉ်ကျေးမှု အမွေအနှစ် UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ရခိုင်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးကော်မတီ ကပြောပါတယ်။
2017-01-27
မန္တလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက်က ကျူးကျော်တဲ အလုံး ၈၀၀ ကျော်ကို အခုလ ၂၉ ရက်နေ့အပြီး ရှင်းလင်းသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန တာဝန်ရှိသူကပြောပါတယ်။