မြန်မာမူးယစ်မှောင်ခို ထိုင်းစစ်တပ် အသေဖမ်းမိ


2017.01.27

မြန်မာနိုင်ငံနဲ့ ကပ်လျှက် ထိုင်းနိုင်ငံ မဲဆိုင်ခရိုင်ပိုင်နက်မှာ ကြာသပတေးနေ့ညက မြန်မာနိုင်ငံကလာတဲ့ မူးယစ်ဆေးဝါးမှောင်ခိုတွေနဲ့
ထိုင်းတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် စိတ်ကြွမူးယစ်ဆေးပြား ၃ သိန်းနီးပါးနဲ့ သယ်ဆောင်သူတဦးကို အသေဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင် မူးယစ်မှောင်ခိုသူ ၆ ဦးခန့်ဟာ ကြာသပတေးနေ့ညက ကျောပိုးအိတ်တွေကိုယ်စီနဲ့ မြန်မာနိုင်ငံဖက်ကနေ မဲဆိုင်ဘက်ခြမ်းကို
ဝင်ရောက်လာခဲ့စဉ် ထိုင်းကင်းလှည့်တပ်ဖွဲ့တွေနဲ့တွေ့ကာ တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပြီးနာက် ထွက်ပြေးသွားခဲ့ကြပါတယ်။

သောကြာနေ့မနက်မှာ အခင်းဖြစ်ပွားရာနေရာကို ထိုင်းအာဏာပိုင်တွေ သွားရောက်စစ်ဆေးတဲ့အခါ သေဆုံးနေတဲ့ မူးယစ်သယ်ဆောင်သူတဦးကို Methamphetamine စိတ်ကြွဆေးပါတဲ့ အိတ် ၂ လုံးနဲ့ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ မူးယစ်မှောင်ခိုအဖွဲ့ဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုကဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆပါတယ်။

အဖွဲ့အစည်းနာမည်ကိုတော့ ဒီသတင်းပါရှိတဲ့ ဘန်ကောက်ပို့စ် သတင်းစာမှာဖေါ်ပြထားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။