ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး သတင်းစာရှင်းလင်း


2017.01.28
social-democratic-press-620.jpg ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ၃၄ လမ်းက မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပနေစဉ်
Photo: Thant Zin Oo/ RFA

စစ်အစိုးရခေတ်မှာ ကျောင်းသားလှုပ်ရှားမှုနဲ့ အလုပ်သမားလှုပ်ရှားမှုတွေဦးဆောင်ခဲ့ဖူးတဲ့ လူငယ် ၅ ယောက်က ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးဆိုတဲ့ အဖွဲ့တဖွဲ့၊ ဖွဲ့စည်းလိုက်တဲ့အကြောင်း မနေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။

နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်စတဲ့ ဥရောပနိုင်ငံတချို့ကျင့်သုံးအောင်မြင်နေတဲ့ Social Democrat အယူဝါဒကို မြန်မာနိုင်ငံမှာကျင့်သုံးလာအောင်ကြိုးစားဖို့ဖြစ်တယ်လို့ အဖွဲ့ရဲ့စည်းရုံးရေးကော်မတီဝင် တွေက ဆိုပါတယ်။

စည်းရုံးရေးကော်မတီကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီဟောင်းတွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုသီဟဝင်းတင်၊ ကိုမိုးထက်နေနဲ့ အလုပ်သမားရေး လှုပ်ရှားတဲ့ ကိုကျော်ကျော်၊ ကိုမျိုးကိုကိုတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

သူတို့အနေနဲ့ အခြေခံပြည်သူထုရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ သက်ကြီး ရွယ်အိုစောင့်ရှောက်မှုကောင်းမွန်တဲ့ စနစ်တခု မြန်မာနိုင်ငံ မှာဖြစ်ထွန်းစေချင်တဲ့အတွက် ဒီအယူဝါဒကို လက်ခံတာလို့ပြောပါတယ်။

စစ်အစိုးရခေတ်မှာ ကျောင်းသားလှုပ်ရှားမှုနဲ့ အလုပ်သမားလှုပ်ရှားမှုတွေဦးဆောင်ခဲ့ဖူးတဲ့ လူငယ် ၅ ယောက်က နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်စတဲ့ ဥရောပနိုင်ငံ တချို့ကျင့်သုံးအောင်မြင်နေတဲ့ Social Democrat အယူဝါဒကို မြန်မာနိုင်ငံမှာကျင့်သုံးလာအောင်ကြိုးစားဖို့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ် ရေးတပ်ဦးဆိုတဲ့ အဖွဲ့တဖွဲ့ဖွဲ့လိုက်တဲ့အကြောင်း မနေ့ကကြေညာလိုက်ပါတယ်။

ဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဥက္ကဌဟောင်း ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။