သိမ်ဖြူမီးရထား ဝန်ထမ်းအိမ်ယာ မီးလောင်
2017.01.28

Photo: Htet Arker/ RFA
မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးနားက မီးရထားဝန်ထမ်းအိမ်ယာမှာ မနေ့ည ၁၀ နာရီ လောက်ကစပြီး မီးလောင်လို့ လိုင်းခန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့သိရပါတယ်။
မီးသတ်ကားအစီး ၂၀ လောက်သွားပြီး ညှိမ်းသတ်ခဲ့တဲ့နောက် နာရီဝက်ကျော်ကျော်လောက်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သိရပါတယ်။
နေ့စားအလုပ်သမားလိုင်းခန်းကနေ မီးစလောင်ခဲ့ပေမယ့် မီးစလောင်တဲ့အကြောင်းရင်းကိုစုံစမ်း နေဆဲပဲလို့ ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာဖေါ်ပြထားပါတယ်။