ညောင်ရွှေမြို့နယ် မန်ကျည်းစင်ရွာ မီးလောင်

RFA Burmese
2024.11.15
ညောင်ရွှေမြို့နယ် မန်ကျည်းစင်ရွာ မီးလောင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ညောင်ရွှေမြို့နယ် မန်ကျည်းစင်ရွာတွင် မီးလောင်နေသည့်ဟိုတယ်တစ်လုံးအား မီးငြိမ်းသတ်နေကြစဉ်။
Myanmar Fire Services Department

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မန်ကျည်းစင်ရွာမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက မီးပုံးပျံ ပျက်ကျလို့ မီးလောင်ခဲ့ပြီး အင်းလေးဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ညခုနစ်နာရီခွဲကျော်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနက သွားရောက်ငြိမ်းသတ်ခဲ့ရာမှာ ည ၁၀ နာရီကျော်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

RFA က မီးသတ်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ အရာရှိတစ်ယောက်က..

“သေဆုံးထိခိုက်မရှိပါဘူး။ မီးလောင်မှုအကြောင်းအရင်း ဆုံးရှုံးမှုတန်ဖိုးနဲ့ မြေဧရိယာတန်ဖိုးလည်း ကျွန်တော်တို့ မသိရသေးဘူး။ မီးပုံးပျံကြောင့် ဟုတ်မဟုတ် ဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး’’ လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အခြေစိုက် မဲခေါင်သတင်းမှာတော့ Inle Princess resort မီးပုံးပျံပြုတ်ကျလာလို့ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ချက်ခြင်း ဝိုင်းငြိမ်းပေမဲ့ မီးကြီးတဲ့အတွက် ဟိုတယ်တစ်ခုလုံး နီးပါးလောင်ကျွမ်းခဲ့ တယ်လို့ ရေးသားထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။