မြန်မာပြည်မှာ အကြွေးကဒ် ၂ ခုထုတ်ဝေ
2017.01.27

Photo: KBZ BANK/ Facebook
မြန်မာနိုင်ငံမှာ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘာ့ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီ ဗီဇာတို့ပူးပေါင်းပြီး အကြွေးကဒ်ပြား အမျိုးအစား ၂ ခုကို ဒီအပတ်အတွင်း ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ Classic နဲ့ Platinum အမျိုးအစား အဲဒီဗီဇာအကြွေးကဒ်ပြားတွေကို မြန်မာနိုင်ငံက ငွေကြေးဌာန ၇ဝဝဝ ကျော်နဲ့ ကမ္ဘာအနှံ့သုံးစွဲနိုင်မှာဖြစ်ပြီး ချေးငွေကို ၄၅ ရက်အတွင်း ပြန်ဆပ်ရင် အတိုးငွေ တစုံတရာပေးရမှာ မဟုတ်ပေမယ့် အဲဒီလို ၄၅ ရက်အတွင်း ငွေအကြေ မဆပ်နိုင်ရင် အတိုးနှုန်း ၁၃% ယူမယ်လို့ ဆိုပါတယ်။ အဲဒီ စည်းကမ်းသတ်မှတ်ချက်ကတော့ ကမ္ဘာတခုလုံးက အကြွေးကဒ်သုံးစွဲသူတိုင်း သတိထားရတဲ့ အချက်ပါပဲ။
အခုထုတ်ဝေတဲ့ အကြွေးကဒ်တွေကို သုံးစွဲလိုရင် လစဉ်ဝင်ငွေ ကျပ် ၃ သိန်းနဲ့ အထက်ရရှိသူတွေ လျှောက်ထားနိုင်ကြောင်း ကမ္ဘောဇဘဏ်ရဲ့ အထွေထွေ မန်နေဂျာဒေါ်ရွှေစင်ဝင်း ကပြောဆိုတယ်လို့ Myanmar Eleven သတင်းမှာ ဖေါ်ပြထားပါတယ်။