သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-02
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း ထိခိုက်နစ်နာတာတွေ၊ အနာဂတ်ပျောက်ဆုံးတာတွေ ကြုံနေရပေမဲ့၊ ဒီကာလကို ကျော်လွန်သွားရင် လွတ်လပ်ငြိမ်းချမ်းပြီး နေချင့်စဖွယ် တိုင်းပြည်ဖြစ်မယ်လို့ လူငယ်တွေအပါအဝင် ပြည်သူတွေက ယုံကြည်မျှော်လင့်ပြီး ဖြတ်သန်းနေတယ်လို့ ပြောကြပါတယ်။
2024-02-02
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတစ်ခုမှာ အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မလေးရှား ရဲတွေက မနေ့က ပြောတဲ့အကြောင်း AFP မှာ ဖော်ပြပါတယ်။
2024-02-02
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းကအကူအညီလိုနေသူတွေကို ငွေကျပ် (၅.၁၂) ဘီလီယံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-02-02
မြောက်ဦးမြို့ အခြေစိုက် ခမရ-၅၄၀ တပ်ရင်းကို AA က သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
2024-02-02
ကချင်ပြည်နယ်၊ မံစီမြို့နယ် ဘလောင်ဒိန်ဆာကျေးရွာအခြေစိုက် ခလရ (၂၅၀) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ခဲ့ပါတယ်။
2024-02-02
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေကိုရှာဖွေဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
2024-02-02
ရန်ကုန်တိုင်း မြို့နယ်သုံးခုမှာ ဇန်နဝါရီလ ၃၁ ရက်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွေက ဗုံးခြောက်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-02
နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမှာ လက်နက်ကြီးကျည် ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ် သုံးဦး သေဆုံးသွားပါတယ်။
2024-02-02
ဆီဆိုင်မြို့မှာ PNLA မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ၊ ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ PNO ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးပြောပါတယ်။
2024-02-02
ပုလဲ၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး ရှင်းလင်းမှုတွေကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး ၁၅ ဦး ဖမ်းဆီးခံထားရပါတယ်။
2024-02-02
မန္တလေးမြို့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင် လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ စာရေးသားခဲ့တာကြောင့် ဒေသခံ သုံးဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပါတယ်။
2024-02-02
ကျိုရစ်ခ် (မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေဟာ တစ်နေ့ကို ၁၆ နာရီကနေ နာရီ နှစ်ဆယ်နီးပါးလောက်အထိ တစ်ရက်ခြား အလုပ်လုပ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
2024-02-02
နိုင်ငံတစ်ဝန်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးအရ ဖြေရှင်းရင် အရေးပေါ်သက်တမ်းမကြာနိုင်ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။
2024-02-02
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပြီးပွားခဲ့ပြီးနောက် ဓညဝတီရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
2024-02-02
အာဏာသိမ်းသုံးနှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတာအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၄၅ ဦးကတော့ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော် က ဖေဖော်ဝါရီလ ၁ ရက်က ထုတ်ပြန်ပါတယ်။