သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-02
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပါတီအနေနဲ့ ကရင်နီအမျိုးသား တစ်ရပ်လုံးနဲ့တကွ တခြားတိုင်းရင်းသားလူမျိုးတွေ၊ အစုအဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့ ပြောလိုက်ပါတယ်။
2022-05-02
ဧပြီလ ၃၀ ရက်နေ့က ကွယ်လွန်သွားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ စျာပနအခမ်းအနားကို ဒီကနေ့ မေလ ၂ ရက်နေ့မှာ ရန်ကုန် ကိုးမိုင်နေအိမ်မှာ ကျင်းပခဲ့ပြီး ရုပ်ကလာပ်ကို ရေဝေးသုသာန်ဆီ ပို့ဆောင်သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
2022-05-02
ချင်းပြည်နယ် ဖလမ်းမြို့အနီး ရိလမ်းမဘေးမှာ မေလ ၁ ရက် မနေ့ ညနေပိုင်းက ဒေသခံ လူငယ်တစ်ဦး မိုင်းနင်းမိရာကနေ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-02
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် မနုနုအောင်၊ ဖမ်းဆီးခံထားရတဲ့ ကိုဇော်ဝမ်းမောင်ရဲ့ ဇနီး မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူတို့ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အချိန် တစ်ပတ်ကြာလာတဲ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။
2022-05-02
ဦးခွန်ထွန်းဦးဟာ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ရန်ကုန်မြို့ ၉ မိုင် နေအိမ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။
2022-05-02
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ရန်ကုန်ကိုသွားတဲ့ကားနဲ့ လိုက်ပါလာတဲ့ မွတ်စလင်အမျိုးသမီးလေးဦးဟာ ဧပြီလ ၃၀ ရက်နေ့က အမ်းမြို့ ၁ မိုင်ကုန်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရပြီး လူဝင်မှုကြီးကြပ်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အမ်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်က RFA ကို ဒီနေ့ပြောပါတယ်။
2022-05-02
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီကြောင့် လူ ၂၄ ဦး သေဆုံးခဲ့ရသလို ၃၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-05-02
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက မေလ ၂ ရက် ဒီနေ့ နေ့လယ်က ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-02
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စိုးမိုးထားတဲ့ နယ်မြေတွေက လစ်လပ်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးနေရာတွေမှာ CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အစားထိုး အုပ်ချုပ်သွားမယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။
2022-05-02
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်လုပ်မှာမဟုတ်တော့ဘူးလို့ ဂျပန်နိုင်ငံက စွမ်းအင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ENEOS က ဒီကနေ့ပဲပြောတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် Minichi သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
2022-05-02
ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီရဲ့ တရားရုံးတွေကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒု-ဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိ စုစုပေါင်း ၁၄ ဦးကို အဂတိမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
2022-05-02
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်က လောပိတ ရေလျှံထိန်း လုံခြုံရေးရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲအရာရှိနဲ့ တပ်သား ရှစ်ဦးကို ဖမ်းဆီးထားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-05-02
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိအမှုသစ် နှစ်မှုကို မေလ ၂ ရက်နေ့ ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-05-01
စစ်ကိုင်းတိုင်း တစ်တိုင်းတည်းမှာတင် အိမ် ၂၅၁၂ လုံး မီးရှို့ခံခဲ့ရပါတယ်။ အဲဒီထဲမှာ ခင်ဦးမြို့နယ်က အများဆုံးဖြစ်ပြီး ၅၂၉ လုံးမီးလောင်ကျွမ်းခဲ့ပါတယ်။ မကွေးတိုင်းမှာတော့ အိမ်ပေါင်း ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပေါက်မြို့နယ်မှာ ၇၄၈ လုံး မီးရှို့ခံခဲ့ရပါတယ်။
2022-05-01
စစ်တပ်အာဏာသိမ်းထားတဲ့ ၁၄ လအတွင်း အဖမ်းခံထားရသူတွေထဲမှာ လသားအရွယ် ကလေး တွေအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၅ဝ ကျော် ပါဝင်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတာ၊ မိသားစုနဲ့အတူ ဖမ်းဆီးထားတာတွေဟာ တရားဥပဒေနဲ့မညီသလို ကလေးသူငယ်အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။