ဖလမ်းမှာ မိုင်းကြောင့် လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရ

2022.05.02
ဖလမ်းမှာ မိုင်းကြောင့် လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရ မိုင်းနမူနာနဲ့ မိုင်းရှင်းလင်းရာတွင် အသုံးပြုသည့်လူများအတွက် အကာအကွယ်ပစ္စည်းများကို ပြသထားစဉ်
Photo: RFA

ချင်းပြည်နယ် ဖလမ်းမြို့အနီး ရိလမ်းမဘေးမှာ မေလ ၁ ရက် မနေ့ ညနေပိုင်းက ဒေသခံ လူငယ်တစ်ဦး မိုင်းနင်းမိရာကနေ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၁၈ နှစ်အရွယ် ဆလိုင်းမောင်းလျန်ထန်ဖြစ်ပြီး မိုင်းကြောင့် ဘယ်ဘက်ခြေထောက်နဲ့ လက်ပြတ်သွားတယ်လို့ ပြောပါတယ်။

သူဟာ အခြားလူငယ်တွေနဲ့အတူ ဖလမ်းမြို့ကနေ လိုင်မွှာလ်ရွာကို ဘော်လီဘောကစားဖို့ ဆိုင်ကယ်နဲ့သွားရာကနေ ရိလမ်းခွဲနဲ့ ၂ ဖာလုံလောက်အကွာမှာ မိုင်းနင်းမိတာလို့လည်း ပြောပါတယ်။

အခုလက်ရှိမှာ ဆလိုင်းမောင်းလျန်ထန်ဟာ ဖလမ်းမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူ နေပြီး ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်နဲ့ ဘယ်ဘက်လက် တံတောင်ဆစ်အောက် ကနေ ဖြတ်တောက်လိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီမိုင်းဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာနဲ့ ဘယ်လိုမိုင်းအမျိုးအစားဖြစ်တယ်ဆိုတာကို တော့ မသိရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မိုင်းနင်းမိရာကနေ အရပ်သား ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ စာရင်းအချက်အလက်တွေပြုစုနေတဲ့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။