SNLD ပါတီတည်ထောင်သူ ဦးခွန်ထွန်းဦး ဈာပန
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတည်ထောင်သူ ဦးခွန်ထွန်းဦးရဲ့ ဈာပနအခမ်းအနားကို မေလ ၂ ရက် ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ဈာပနအခမ်းအနားကို နိုင်ငံရေးပါတီတွေ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ပါတယ်။
ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဇာတိဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူပါ။
၂ဝဝ၅ ခုနှစ်မှာ ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလို့ဆိုပြီး စစ်အစိုးရက ထောင်ဒဏ် ၉၃ နှစ်ချမှတ်တာ ခံခဲ့ရပါတယ်။