သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-03
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာအနီးမှာ ဇန်နဝါရီ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ရာ ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိ နေဆဲပဲလို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်း ထွန်း က ဇန်နဝါရီ ၃ ရက် ဒီနေ့ ပြောပါတယ်။
2022-01-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှုသုံးမှုကို နောက်တစ်ပတ် တနင်္လာနေ့ ဇန်နဝါရီ ၁၀ ရက်မှာ အပြီးသတ်အမိန့်ချ မယ်လို့ ဒီနေ့ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-01-03
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ် ကောင်စီဘက်က ၁၇ ယောက် သေဆုံးပြီး PDF ဘက်က တစ်ယောက်သေဆုံးခဲ့ တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-01-03
နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ တယ်လီနောဟာ ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Wave Money လုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ရှယ်ယာ အများဆုံးပိုင်တဲ့ Yoma Strategic Holding ကုမ္ပဏီကို ရောင်းချတော့ မယ်လို့ Nikkei Asia သတင်းဌာနက ရေးထားပါတယ်။
2022-01-02
လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေအတွက် ရပ်တည်နေကြတဲ့ မြန်မာ၊ အာဖဂန် နစ္စတန်နဲ့ ဆီးရီးယားနိုင်ငံတွေကလို ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီကြဖို့နဲ့ အခုလို နှစ်သစ်ကူးကာလမှာ သူတို့အတွက် အာရုံစိုက်ပြီး အသိအမှတ်ပြုပေးကြဖို့ ဗြိတိသျှတော်ဝင် အိမ်ရှေ့မင်းသား ချားလ်စ်က သူ့ရဲ့ နှစ်သစ်ကူး အမှာစကားထဲမှာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။
2022-01-02
မြန်မာနိုင်ငံနဲ့ကပ်ရက် အိန္ဒိယနိုင်ငံနယ်စပ်က မီဇိုရမ်ပြည်နယ်ထဲမှာ ဖောက်ခွဲရေး စစ်လက်နက်ပစ္စည်းတွေ အမြောက်အများ သောကြာနေ့တုန်းက ဖမ်းဆီးရမိတယ် လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က စနေနေ့မှာ ပြောတဲ့အကြောင်း India Today သတင်းမှာ ဖော်ပြထားပါတယ်။
2022-01-02
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက မင်္ဂလာဇေယျုံကျောင်းတိုက်ထဲ ဒီဇင်ဘာ ၃၁ ရက်နေ့ညက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကိုရင်တစ်ပါး ပျံလွန်တော် မူသွားတယ်လို့ ကောလင်းမြို့ခံတွေက ပြောပါတယ်။
2022-01-02
တနင်္သာရီတိုင်း ထားဝယ်မြို့ထောင်တွင်းတရားရုံးကနေ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား (အမျိုးသား) ၁၂၂ ဦး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားကွန်ရက်က ဇန်နဝါရီလ ၁ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
2022-01-02
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ PDF ကြား ဒီဇင်ဘာလ ၃၁ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်ခိုက်လို့ ဝက်လက်မြို့ထဲက ရွာပေါင်း ၅ ရွာက ဒေသခံ ၃၀၀၀ ထက် မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
2022-01-02
စစ်အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းလိုစိတ် မရှိသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်လာဖို့မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။
2022-01-02
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆို မြို့မရဲစခန်းနဲ့ ကပ်ရပ် ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ (၁) ရက် ညနေ လေးနာရီခွဲလောက် က PDF၊ KNDF နဲ့ (KA) ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီ တပ်သား ငါးယောက် သေဆုံး ခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
2022-01-02
စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၆၄၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဇန်နဝါရီ ၁ ရက် မနေ့က NLD က ထုတ်ပြန်လိုက်ပါတယ်။
2022-01-02
စစ်ကောင်စီဘက်က ဒီဇင်ဘာ ၃၁ ရက်နေ့က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့ ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးတစ်ဝိုက်ကို ဇန်နဝါရီ ၁ ရက် ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်က ပြောပါတယ်။
2022-01-01
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေအနေနဲ့ မျှော်လင့်မထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့ အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲ ပြဿနာများနဲ့ ရင်ဆိုင်နိုင်ရဖွယ် ရှိတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ UNOCHA ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။