မြန်မာအပါအဝင် အဖိနှိပ်ခံပြည်သူတွေကို အသိအမှတ်ပြုဖို့ ချားလ်စ်မင်းသား တိုက်တွန်း

2022.01.02
မြန်မာအပါအဝင် အဖိနှိပ်ခံပြည်သူတွေကို အသိအမှတ်ပြုဖို့ ချားလ်စ်မင်းသား တိုက်တွန်း ဗြိတိသျှတော်ဝင် အိမ်ရှေ့မင်းသား ချားလ်စ်ကို ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်‌နေ့က တွေ့ရစဉ်
Photo: AFP

လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေအတွက် ရပ်တည်နေကြတဲ့ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားနိုင်ငံ တွေကလို ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီကြဖို့နဲ့ အခုလို နှစ်သစ်ကူးကာလမှာ သူတို့အတွက် အာရုံစိုက်ပြီး အသိအမှတ်ပြုပေးကြဖို့ ဗြိတိသျှတော်ဝင် အိမ်ရှေ့မင်းသား ချားလ်စ်က သူ့ရဲ့ နှစ်သစ်ကူး အမှာစကားထဲမှာ ထည့်သွင်းရေးသားဖော်ပြခဲ့တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီနိုင်ငံတွေမှာ ဘာသာရေးဖိနှိပ်မှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဆိုးဆိုးဝါးဝါး ကြုံနေကြရတယ်၊ မြန်မာ၊ အာဖဂန်နဲ့ ဆီးရီးယားအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်စေဖို့လည်း ဆုတောင်းတယ်လို့ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်က ဆိုပါတယ်။

ချားလ်စ်မင်းသားဟာ အဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NUG အစိုးရရဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဒေါက်တာဆာဆာနဲ့ပါ ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။