၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ မျှော်လင့်မထားတဲ့ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ရနိင်လို့ ကုလပြော

2022.01.01
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ မျှော်လင့်မထားတဲ့ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ရနိင်လို့ ကုလပြော ကရင်နီစစ်ဘေးဒုက္ခသည် ကလေးငယ်တွေကို တွေ့ရစဉ်
Photo: MPA

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေအနေနဲ့ မျှော်လင့်မထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့ အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲ ပြဿနာများနဲ့ ရင်ဆိုင်နိုင်ရဖွယ် ရှိတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ UNOCHA ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ ပြည်နယ်၊ တိုင်း ၁၅ ခု အနက်၊ ၁၄ ခုမှာ အဟာရချို့တဲ့တာ ကြုံရဖို့ ရှိသလို တစ်နိုင်ငံလုံး လူဦးရေရဲ့ လေးပုံတစ်ပုံ ဖြစ်တဲ့ အမျိုးသား ၆.၉ သန်း၊ အမျိုးသမီး ၇.၅ သန်းနဲ့ ကလေးသူငယ် ၅ သန်း စုစုပေါင်း လူ ၁၄ သန်းလောက်ဟာ အကူအညီ၊ အထောက်အပံ့တွေ လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဒါဟာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့်နဲ့ လုံခြုံရေးအရ ကန့်သတ်ချက်တွေကြောင့် ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်ပြီး ကုန်ဈေးနှုန်းတွေ တက်လာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ၂၀၂၂ မှာ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဟာလည်း အကောင်းဘက်ကို ရောက်မလာနိုင် သေးသလို နိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေး ပြည့်ပြည့်၀၀ မထိုးနိုင်သေးတာကြောင့် နောက်ထပ် ရောက်ရှိ လာမယ့် ကိုဗစ် စတုထ္တလှိုင်း ဘေးအန္တရာယ်အတွက်လည်း စိုးရိမ်နေရတာဖြစ်တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။