သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-01
၂၀၂၂ ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတဲ့ အမည်စာရင်းတွေထဲမှာ မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ပါဝင်နေပါတယ်။
2022-02-01
မကွေးတိုင်း မြိုင်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၀ ရက် မတိုင်ခင် အလုပ်ကထွက်ကြဖို့ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2022-02-01
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့လယ်ပိုင်းက တပ်မတော် ထောက်ခံပွဲကျင်းပရာအနီး ဗုံးပေါက်ကွဲလို့ နှစ်ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-01
စစ်ကောင်စီဟာ အာဏာသိမ်းထားတာ တစ်နှစ်တင်းတင်း ပြည့်သွားပြီဖြစ်ပေမယ့် နိုင်ငံတကာမျက်နှာစာကို ဘယ်လိုမှ မထိုးဖောက်နိုင်သေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2022-02-01
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
2022-02-01
ပြည်သူတွေရဲ့ စစ်မှန်တဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ကျရောက်တဲ့ စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောလိုက်ပါတယ်။
2022-02-01
စစ်ကောင်စီဘက်က အရေးပေါ်ကာလကို ခြောက်လထပ်တိုးလိုက်ပေမယ့် စစ်တပ် မျှော်လင့်ထားသလို နိုင်ငံကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောလိုက်ပါတယ်။
2022-02-01
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က သပိတ်ခေါင်းဆောင် ကိုထွန်းဦးဟာ စစ်ကောင်စီကနေ ပုဒ်မ (၇) ခုနဲ့ စွပ်စွဲခံရကာ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချခံရတယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-02-01
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) က တောင်းဆိုထားတဲ့ ကိုဗစ်ကာကွယ်ဆေး ရှစ်သောင်းရှစ်ထောင်ကျော် ထိုးပေးဖို့ လျာထားတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက RFA ကိုပြောပါတယ်။
2022-02-01
ပဲခူးမြို့က ကိုယ်ဝန်ဆောင်တစ်ဦးဟာ ဇန်နဝါရီ ၃၁ ရက်ညက စစ်တပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
2022-02-01
စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ဖို့နဲ့ အဖမ်ခံထားရသူအားလုံး ပြန်လွှတ်ပြီး အရေးပေါ်အခြေအနေကို အဆုံးသတ်ဖို့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တွေ အပါအဝင် အနောက်နိုင်ငံအများစုက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
2022-02-01
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံ - ကျောက်ပန်းတောင်းလမ်းမပေါ်က EPC ရုံးရှေ့မှာ ဖေဖော်ဝါရီ (၁) ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က လူတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့ ဆန္ဒပြခဲ့ပါတယ်။
2022-02-01
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ ရက် ဒီမနက်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA အရာရှိတစ်ဦးက ပြောပါတယ်။
2022-02-01
နိုင်ငံတဝန်းက ပြည်သူတွေဟာ အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ အသံတိတ်သပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။
2022-02-01
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ စစ်တပ်က သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ရာ ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။