ထားဝယ်သပိတ်ခေါင်းဆောင် ထောင် ၂၆ နှစ် အမိန့်ချခံရ

2022.02.01
ထားဝယ်သပိတ်ခေါင်းဆောင် ထောင် ၂၆ နှစ် အမိန့်ချခံရ ထားဝယ်မြို့က သပိတ်ခေါင်းဆောင် ကိုထွန်းဦး ကို တွေ့ရစဉ်
Photo: CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က သပိတ်ခေါင်းဆောင် ကိုထွန်းဦးဟာ စစ်ကောင်စီကနေ ပုဒ်မ (၇) ခုနဲ့ စွပ်စွဲခံရကာ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချခံရတယ်လို့ ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သူ့ကို ထားဝယ်ထောင်တွင်း တရားရုံးကနေ ဇန်နဝါရီ ၃၁ ရက် မနေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ နဲ့ ၅၂ (က) နဲ့ ထောင် ၇ နှစ် အမိန့်ချခံရသလို အဲဒီ မတိုင်ခင် ဒီဇင်ဘာ ၃၀ ရက်ကလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - က၊ လက်နက် အက်ဥပဒေ ၁၉ (စ) က နှစ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ နဲ့ ၅၂ (က) တို့အတွက် ထောင်ဒဏ် စုစုပေါင်း ၁၉ နှစ်ကို စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်း တရားရုံးကပဲ အမိန့်ချခံခဲ့ရပါတယ်။

ဒါကြောင့် အသက် ၃၈ နှစ်အရွယ်ရှိ ထားဝယ်သပိတ်ခေါင်းဆောင် ကိုထွန်းဦးဟာ ပုဒ်မ (၇) ခုတို့နဲ့ စစ်ကောင်စီက စွပ်စွဲထားကာ ထောင် ၂၆ နှစ် ချမှတ်ခံရတာပါ။

ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ (၁ခ/၃၄) တို့နဲ့လည်း တရားစွဲဆိုခံထားရပြီး ဆက်လက်တရားရင်ဆိုင်ရဦးမှာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၄ ရက်က ကိုထွန်းဦးဟာ ထားဝယ်မြို့ မြို့သစ် ၁၀ လမ်းက နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။