သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-03
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံတောင်ပိုင်း Beibu ပင်လယ်ကွေ့ဆိပ်ကမ်းကို တိုက်ရိုက်ရေကြောင်းလမ်း တရားဝင်ဖွင့်လှစ်လိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-11-03
စစ်ကောင်စီက အခုနောက်ပိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး လူ့သက်တမ်းထက်ကျော်လွန်တဲ့ နှစ်ရာချီ ထောင်ဒဏ်တွေ ချမှတ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။
2022-11-03
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (စ) လုံးရပ်ကွက်က ခရစ်ယာန်မိဘမဲ့ဂေဟာဖွင့်ထားတဲ့ နေ့ကလေးထိန်းကျောင်းကို ရဲနဲ့ စစ်တပ်က PDF နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး နိုဝင်ဘာလ ၂ ရက် မနေ့ညပိုင်းမှာ ချိပ်ပိတ်သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-03
စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ကျေးရွာလေးရွာက နေအိမ် ၁၆၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-11-03
ပလက်ဝ-ကျောက်တော် ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာ အချိန်နှစ်လနီးပါးရှိလာနေပါတယ်။
2022-11-02
အောက်တိုဘာလ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင် ပါဆယ်ပို့တဲ့နေရာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်ထားခဲ့တာပါ။
2022-11-02
မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာဟာ ဘာအကျိုးအမြတ်မှမရှိတဲ့ စစ်ရေးဗျူဟာအမှားတစ်ခုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက်အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးနဲ့စစ်ရေးကျွမ်းကျင်သူပါမောက္ခ Zachary Abuzaက သုံးသပ်ပါတယ်။
2022-11-02
စာနယ်ဇင်းသမားတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေပပျောက်ရေးနေ့မှာ ကမ္ဘာတစ်ဝန်းက ရဲရင့်တဲ့စာနယ်ဇင်းသမားတွေအတွက် တရားမျှတမှုကိုရရှိဖို့ အမေရိကန်အနေနဲ့ ထပ်မံတောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ned Price က ပြောလိုက်ပါတယ်။
2022-11-02
ဒီနိုင်ငံတွေက စစ်ကောင်စီဘက်ကနေ ရပ်တည်နေပေမယ့် ဒီမိုကရေစီလိုလားထောက်ခံတဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာ့အရေး ဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ APHRအဖွဲ့က ပြောပါတယ်။
2022-11-02
၂၀၂၂ ခုနှစ် ဒီနှစ်မှာ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံးနိုင်ငံ ၁၁ နိုင်ငံထဲမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ ထည့်သွင်းဖော်ပြခံရပါတယ်။
2022-11-02
မြန်မာနိုင်ငံသားတွေရဲ့ဘဝ ဘေးကင်းလုံခြုံမှုရှိအောင်အာမခံချက်ပေးဖို့၊ အာဏာသိမ်းစစ်ကောင်စီကိုဖိအားပိုပေးကြဖို့နဲ့ ဒီမိုရေစီလမ်းကြောင်းကို ပြန်လည်ရောက်ရှိအောင်တွန်းအားပေးဖို့ အပြည်ပြည်ဆိုင်ရာသတင်းထောက်များအဖွဲ့ချုပ် IFJ က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
2022-11-02
ဩစတြေးလျက မြန်မာစစ်ခေါင်းဆောင်တချို့ကို ပိတ်ဆို့တာတွေ လုပ်ထားပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ထပ်ပြီးပိတ်ဆို့အရေးယူထားတာ မရှိသေးဘူးလို့ ရိုက်တာသတင်းက ရေးသားပါတယ်။
2022-11-02
စစ်တပ်ထောက်ခံသူတွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ အဲဒီရွေးကောက်ပွဲမှာ ပါဝင်လာမယ့် နိုင်ငံရေးပါတီတွေနဲ့ အခုကတည်းက ကြိုတင်ညှိနှိုင်းနေပါတယ်။
2022-11-02
တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအုပ်စုမှာရှိတဲ့ ထုံခါအကျဉ်းစခန်းက အကျဉ်းသားလေးဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မနက်ပိုင်းမှာ ထွက်ပြေးခဲ့ပေမယ့် ပစ်ခတ်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး ကျန်သုံးဦး ပြန်ဖမ်းဆီးခံရတယ်လို့ တနင်္သာရီမြို့ခံတွေက ပြောပါတယ်။
2022-11-02
မကွေးတိုင်း၊ မြိုင်မြို့နယ်က PDF တပ်ဖွဲ့ဝင်ငါးဦး နှိပ်စက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။