စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဩစတြေးလျအစိုးရ စဉ်းစားနေ
2022.11.02
မြန်မာအာဏာသိမ်းစစ်ကောင်စီကို အရေးယူပိတ်ဆို့ဖို့ ဩစတြေးလျအစိုးရက စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေ၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက်လည်း အထူးစိုးရိမ်နေတယ်လို့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သူကပြောပါတယ်။
မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တားနဲလ် လွတ်မြောက်ရေးအတွက် ဩစတြေးလျအစိုးရအနေနဲ့ ပထမဦးစားပေးအဖြစ် လုပ်နေတယ်လို့ ပြောပါတယ်။
မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းချက်တွေကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။
ဩစတြေးလျက မြန်မာစစ်ခေါင်းဆောင်တချို့ကို ပိတ်ဆို့အရေးယူထားပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ထပ်ပြီး ပိတ်ဆို့အရေးယူတာ မရှိသေးဘူးလို့ ရိုက်တာသတင်းက ရေးသားပါတယ်။