သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-05
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေကို စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ (KNU) က စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-09-05
ရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးဌာနတွေနဲ့ နိုင်ငံရေးပါတီတွေကို အီလက်ထရွန်နစ်မဲပေးစက် မိတ်ဆက်ပြီး စမ်းသပ်မဲပေးတာတွေ လုပ်ဆောင်နေပါတယ်။
2023-09-05
သွားဖုံးရောင်တာနဲ့ သွားကိုက်ဝေဒနာ ခံစားနေရတာကြောင့် ပြင်ပသွားဆရာဝန်နဲ့ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုထားပါတယ်။
2023-09-05
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ခုနစ်ထောင်ကို ဒီနှစ်အတွင်း ပြန်လည်လက်ခံသွားမှာဖြစ်ပြီး ပြန်လည်နေရာချထားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
2023-09-05
စက်တင်ဘာ ၄ ရက်နေ့ကတည်းက ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက ထုံးဘိုကုန်း၊ ရှားကွဲ၊ ချောင်းမီးတိုနဲ့ မင်းကန်ရွာတွေကို စစ်ကောင်စီ ခမရ (၁၂) က စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။
2023-09-05
ဟိုစိမ့်မြန်မာစက်ရုံက ငါးဦး၊ Sun Apparel (Myanmar) စက်ရုံက နှစ်ဦး အပါအဝင် လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၁၂ ဦး ခံဝန်နဲ့ ပြန်လွတ်လာပါတယ်။
2023-09-05
ငါန်းဇွန်မြို့နယ် သကျင်ရွာမှာ စစ်တပ်က ရွာသား ၃၀ ကျော်ကို နှိပ်စက်ညှဉ်းပန်း စစ်ဆေးပြီးနောက် စစ်ကြောင်းချီတဲ့ လမ်းတစ်လျှောက် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-05
မိုးကောင်းမြို့က ဇင်ယော် စက်သုံးဆီဆိုင်သုံးဆိုင်ကို PDF တွေ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆိုင်ရှင်၊ ဝန်ထမ်း နှစ်ဆယ်ကျော်ကို ဖမ်းဆီးသွားပါတယ်။
2023-09-05
ဧရာဝတီတိုင်း၊ အသုတ်မြို့နယ် NLD ရဲ့ ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး လေးရက်အကြာမှာ သေဆုံးသွားပါတယ်။
2023-09-05
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KNDF ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
2023-09-05
ကန့်ဘလူ တောင်ဘက်ကရွာတွေကို စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းကစပြီး အင်အားသုံးရာခန့်ပါ စစ်ကြောင်း ဝင်ရောက်စီးနင်းနေတာကြောင့် ရွာ ၁၃ ရွာက ဒေသခံ ရှစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2023-09-05
ပုဂံမှာရှိတဲ့ ဘုရားတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီးပျက်စီးယိုယွင်းလာတာကြောင့် ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေပါတယ်။
2023-09-05
တနင်္သာရီမြို့နယ် အဝင်အထွက် လမ်း၊ တံတားတွေမှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ လူနာတင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်တားမြစ်တာတွေလုပ်လာတယ်လို့ ပြောပါတယ်။
2023-09-05
မြဝတီမြို့က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း မိသားစုတွေနဲ့ စစ်တပ်တပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကနေ ထွက်ခွာဖို့ Federal Wings ဒရုန်းအဖွဲ့က သတိပေးလိုက်ပါတယ်။
2023-09-04
ရဲမှူးကြီးအဖြစ် ခန့်အပ်ခံရသူ Nectar Sanjenbam ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စစ်သွေးကြွစခန်းတွေကိုချေမှုန်းရာမှာ ဦးဆောင်ခဲ့သူ အငြိမ်းစားစစ်တပ်အရာရှိ ဖြစ်ပါတယ်။