မြဝတီမြို့က ဝန်ထမ်းနဲ့မိသားစုတွေ ရုံးနဲ့ဝန်ထမ်းအိမ်ရာကနေ ထွက်ခွာဖို့ Federal Wings သတိပေး

RFA Burmese
2023.09.05
မြဝတီမြို့က ဝန်ထမ်းနဲ့မိသားစုတွေ ရုံးနဲ့ဝန်ထမ်းအိမ်ရာကနေ ထွက်ခွာဖို့ Federal Wings သတိပေး Federal wings တပ်ဖွဲ့ဝင်များအား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Federal wings

ကရင်ပြည်နယ်၊ မြဝတီမြို့က လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ၊ ဝန်ထမ်း မိသားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာ တွေကနေ ထွက်ခွာဖို့ Federal Wings ဒရုန်းအဖွဲ့က သတိပေးလိုက်ပါတယ်။

ဒါ့အပြင် မြဝတီမြို့မှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးတွေ၊ တပ်စခန်းတွေနဲ့ ဝေးရာအရပ်ကို ရွှေ့ပြောင်းနေထိုင်ပေးကြဖို့ အထူးမေတ္တာရပ်ခံတယ် လို့လည်း စက်တင်ဘာလ ၄ ရက် မနေ့ညပိုင်းက သတိပေးထားပါတယ်။

ဒရုန်းတိုက်ခိုက်မှုဟာ တိကျမှုရှိပေမယ့် မလိုလားတဲ့ ဘေးထွက်ထိခိုက်မှုတွေကနေ ရှောင်ရှားနိုင်ဖို့ အခုလို သတိပေးတာလို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၃ ရက် ည ၇ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒရုန်းနဲ့ ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ ခလရ ၂၇၅ ယာယီတပ်ရင်းမှူးတို့ အပါအဝင် ငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေးလုပ်ခဲ့သူတွေ က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။