ကျားဖြန့်လုပ်ငန်းက ဗီယက်နမ်လူမျိုးတွေကို မြန်မာထိန်းသိမ်းထား

RFA Burmese
2025.03.20
ကျားဖြန့်လုပ်ငန်းက ဗီယက်နမ်လူမျိုးတွေကို မြန်မာထိန်းသိမ်းထား ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတစ်ဝိုက်မှာလှုပ်ရှားနေတဲ့ ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို စီးနင်းဝင်ရောက် နှိမ်နင်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေချိုးဖောက်မှုနဲ့ ဗီယက်နမ်လူမျိုးတွေကို ယာယီထိန်းသိမ်းထားတယ်လို့ မြန်မာစစ်ကောင်စီအာဏာပိုင်တွေက အကြောင်းကြားကြောင်း Viet Nam News က မတ် ၂၀ က ဖော်ပြပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ဗီယက်နမ်နိုင်ငံသားတွေ ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာ စစ်ကောင်စီအာဏာပိုင်တွေနဲ့ အနီးကပ်လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မတ် ၂၀ မှာ ပြောပါတယ်။

ဗီယက်နမ်တွေလုံခြုံပြီး ကောင်းကောင်းမွန်မွန်ထားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ မြန်မာနိုင်ငံမှာရှိတဲ့ ဗီယက်နမ်သံရုံးက စစ်ကောင်စီအာဏာပိုင်တွေကို မေတ္တာရပ်ခံထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလာကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားတစ်ထောင်ကျော်ကို ကယ်ထုတ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။