သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-08
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း ပစ်ခတ်မှုဖြစ်ပြီး စစ်သွေးကြွ ငါးဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
2023-07-08
ယင်းမာပင်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-07-08
တနိုင်းမြို့နယ်၊ ခ.လ.ရ -၂၉၇ တပ်ရဲ့ လက်အောက်ခံတပ်စခန်းနဲ့ ဝါရဇွပ် ပြည်သူ့စစ်စခန်းတွေကို KIA က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
2023-07-08
ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ပါတယ်။
2023-07-07
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ နိုင်ငံတကာစီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးသူတွေကို အရေးယူမယ်ဆိုတဲ့ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံ ဖိအားကြောင့်ဖြစ်တယ်လို့ တရုတ် - မြန်မာအရေးလေ့လာသူတွေက ပြောပါတယ်။
2023-07-07
ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ နမ်ဆန်ယန်ကျေးရွာ တစ်ဝိုက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေအကြား ဇူလိုင်လ ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2023-07-07
စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာတယ်လို့ ယူဆရတဲ့ ကားဆယ်စီးပါ ယာဉ်တန်းကို ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော်အနီး မိုင်တိုင် ၁၆၉ မိုင် ၄ ဖာလုံအရောက်မှာ တောင်ငူခရိုင်က ဇူလှိုင်လ ၇ ရက်က မနက် ၉ နာရီ ၁၅ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
2023-07-07
မလေးရှားနိုင်ငံမှာကျင်းပတဲ့ ဆိုက်ဘာလုံခြုံရေးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့်ပြုတာဟာ စစ်ရေးစွမ်းရည်တွေကို အာဆီယံက ဆက်လက်ကူညီပေးနေတာဖြစ်တာကြောင့် အမြန်ဆုံးရပ်တန့်ဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။
2023-07-07
ပြင်သစ်နိုင်ငံက ဘဏ် ၅ ခုနဲ့ ပင်စင်ရန်ပုံငွေအဖွဲ့အစည်းတစ်ခုတို့က မြန်မာစစ်ကောင်စီလက်အောက်မှာရှိတဲ့ လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်တန်ဖိုး ရင်းနှီးမြှုပ်နှံထားတာကို ပြင်သစ်အစိုးရက ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ Justice for Myanmar နဲ့ မိတ်ဖက်အဖွဲ့နှစ်ခုက အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2023-07-07
စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ အနုပညာရှင်လေးဦးကို ဇူလိုင်လ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
2023-07-07
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့လိုအပ်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ပြောကြားလိုက်ပါတယ်။
2023-07-07
မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ စေ့စပ်ညှိနှိုင်းမှု လုပ်သွားဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းပါတယ်။
2023-07-07
ကျောင်းသားအရေးတော်ပုံ (ဆဲဗင်းဇူလိုင်) ၆၁ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်အပါအဝင် နေရာအချို့မှာ သပိတ်အင်အားစု၊ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူတွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
2023-07-07
နောင်ချိုမြို့နယ် ထွေအုပ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းဟာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
2023-07-07
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) က တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တွေ့ဆုံခဲ့ပါတယ်။