သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-04
ABSDF ကျောင်းသားတပ်မတော်က လွန်ခဲ့တဲ့ ၂၆ နှစ်အတွင်း ကျဆုံးတဲ့ရဲဘော် ၇ ရာနီးပါးကို ဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုမှတ်တမ်းလွှာတွေလိုက်လံ ပေးအပ်နေ ပါတယ်။
2014-04-04
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ကွက်အင်းတွေက အလုပ်သမားတွေဟာ ကုမ္ပဏီက အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-04
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူး ကြပ်မတ်ကုသဆောင်မှာ ဆေးဝါးကုသမှု ခံယူနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကို အမေရိကန်သံအမတ်ကြီး ဒေးဗစ် မစ်ချယ်၊ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတို့က ဒီကနေ့ သွားရောက် ကြည့်ရှု့ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။
2014-04-04
ဒီမိုကရေစီဟာ သူ့ ပြဿနာနဲ့သူ ရှိကောင်း ရှိမှာဖြစ်ပေမဲ့ တခြားဘယ်အစိုးရပုံစံ မျိုးထက်မဆို ပိုကောင်းမွန်တယ် ဆိုတာ မြန်မာတွေက လက်ခံကြတယ်လို့ အမေရိ ကန်ပြည်ထောင်စုက ကောက်ယူတဲ့ စစ်တမ်းတစ်ခု မှာ ဖော်ပြလိုက်ပါတယ်။
2014-04-04
မကွေးတိုင်း ရေနံချောင်းမြို့မှာ မြို့ခံပြည်သူတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေ ပူးပေါင်းပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲကို ဒီနေ့ မနက်ပြုလုပ် မယ်လို့ သိရပါတယ်။
2014-04-04
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တပိုင်တနိုင် ကျောက်စိမ်းရှာဖွေတဲ့ လူငယ်တွေကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက တိုင်ကြား လို့ ဒေသခံစစ်တပ်က ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး၊ အဲဒီဖြစ်ရပ်ကို NLD အဖွဲ့ကရိုက်ထားတဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေ ဖျက်ဆီးခံလိုက်တယ်လို့ သိရပါတယ်။
2014-04-03
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအတွင်း ပြောဆိုခဲ့တဲ့စကားတွေ ကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်လိုခြင်း မရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2014-04-03
တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဟာ ပြည်သူ့လွှတ်တော် က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း လက်ကမ်းစာစောင်တွေကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နဲ့ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်တွေမှာ ဒီနေ့ လိုက်လံဝေငှခဲ့ပါတယ်။
2014-04-03
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် လူဦးရေ ၈ သိန်းကျော် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကင်းမဲ့နေရပြီး ကလေးသူငယ်တွေ အသက်ရှင်နေထိုင်ရေးအတွက် အရေးကြီးတဲ့ ကာကွယ်ကုသမှုရေး လုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။
2014-04-03
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၃ ရက်နေ့ မနေ့ကမနက်ပိုင်းက လိုက်ပါသွားကြတဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာ က မြေယာမဲ့ဒုက္ခသည် သုံးရာကျော်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြည်နယ်ထဲ ဝင်ခွင့်မပေးတဲ့အတွက် ဒုက္ခသည်တွေဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ ခိုလှုံနေတယ်လို့ သိရပါတယ်။
2014-04-03
NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်( ဗဟို) ကို ပါတီရဲ့ ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူ တဲ့ ရေးရာ ကော်မတီလေးခုနဲ့အတူ တခြား ဌာနရှစ်ခုအပါအဝင် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ရုံးအဖွဲ့တို့အပြင် လွတ်လပ်သော ပါတီစာရင်းစစ်အဖွဲ့ စတာတွေနဲ့ အသစ် ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။
2014-04-03
သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို လာမယ့် မေလဆန်းလောက် မှာ ပြည်သူလူထုထံကို ချပြမှာဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် အတွင်းရေးမှူး ရှေ့နေချုပ်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် က ပြောကြားပါတယ်။
2014-04-03
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်က အသိမ်းခံခဲ့ရတဲ့ အိမ်ခြေ ၃၀၀ လောက်က လူဦးရေ ၁၀၀ ကျော်ဟာ အသိမ်းခံခဲ့ ရတဲ့ မြေပိုင်ဆိုင်မှုပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ အကူအညီတောင်း ခံခဲ့ကြပါတယ်။
2014-04-03
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီကို ထည့်သွင်း မကောက်ယူဖို့ ဒီနေ့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (အထက်မြန်မာပြည်) က ဦးဆောင်ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-04-03
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရတဲ့အတွက် ပြောင်းရွှေ့ခဲ့ရ သူတွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ဝင်တွေ သွားရောက်ခေါ်ဆောင်ပြီး ကရင် ပြည်နယ်ကို ဒီကနေ့ ပြောင်းရွှေ့ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။