ရိုဟင်ဂျာနဲ့ ဘင်္ဂါလီကို သန်းခေါင်စာရင်းမှာ မထည့်ဖို့ မန္တလေးမှာ တောင်းဆိုဆန္ဒပြ
2014.04.03

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီကို ထည့်သွင်းမကောက်ယူဖို့ ဒီနေ့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (အထက်မြန်မာပြည်) က ဦးဆောင်ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တိုင်းရင်းသားလူမျိုးတွေထဲမှာ ရိုဟင်ဂျာ လုံးဝမပါဘူး ဆိုတာ သိစေလိုတဲ့အတွက် ဆန္ဒပြတောင်းဆို တာဖြစ် တယ်လို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ ဆရာတော် ဥူးရာဇ က မိန့်ကြားပါတယ်။
"ရိုဟင်ဂျာ ကို သန်းခေါင်းစာရင်းမှာ လုံးဝမကောက် ဖို့ ဘင်္ဂါလီဆိုတာလဲ ခိုးဝင်တဲ့ဘင်္ဂါလီတွေပဲ အဓိ ကပြောချင်တာက တိုင်းရင်းသားထဲမှာ ရိုဟင်ဂျာ လုံးဝမပါ ပါဘူး၊ ဒါကို သိအောင်လို့ ဆန္ဒဖော် ထုက်ခြင်းဖြစ်ပါတယ်"
မတ်လ ၂၇ ရက်နေ့ကလည်း အလားတူဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂ အဖွဲ့ချုပ် (မန္တလေး) က ဦးဆောင်ပြီး သံဃာအပါး ၃ဝဝ ကျော် ပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာကိုခွင့်ပြုချက်မ တောင်းခံပေမဲ့ ဒီကနေ့တော့ ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
ဒီအတောအတွင်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်က ရွှေလုပ်သား ၅ဝဝ ခန့်ဟာ အကျိုးတူ ရွှေတူးဖော်နေတဲ့ ထက်ရည်လင်းကုမ္ပဏီက ရွှေတူးခွင့်ကို ပိတ်ပင်တားဆီးလိုက်တဲ့အတွက် ကျည်တောက်ပေါက်ကျေးရွာမှာရှိတဲ့ ထက်ရည်လင်းကုမ္ပဏီရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၄ ရက်နေ့ကစပြီး အကြောင်းပြချက်တစ်စုံတရာပေးတာမရှိပဲ ရွှေလုပ်သားတွေ တူးဖော်နေတဲ့ ရွှေ တူးအင်းပေါင်း ၃၆ အင်းကို ပိတ်ပင်လိုက်တဲ့အတွက် အဲဒီအင်းတွေမှာ အလုပ်လုပ်နေကြတဲ့ ရွှေလုပ်သားတွေဟာ အင်းတွေပြန်လည်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြ ကြတာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင် ရွှေလုပ်သား ဦးသန်းဝင်းက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ထက်ရည်လင်းကုမ္ပဏီ အလိုမရှိ၊ ရွှေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်အောင် လုပ်ဆောင် သူတွေအလိုမရှိ၊ ရွှေလုပ်သားတွေ အေးချမ်းစွာလုပ်ကိုင်နိုင်ရေး စတဲ့အချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ကျည်တောက်ပေါက်ရွာ၊ နွယ်ရုံ၊ ငါးပြားပေး၊ ကျောက်ချောင်းနဲ့ ပိတောက်ချပ် စတဲ့ ကျေးရွာတွေ က ရွှေလုပ်သားတွေ ပါဝင်ခဲ့ကြပါတယ်။
ထက်ရည်လင်းကုမ္ပဏီက လက်ရှိလုပ်ကိုင်နေတဲ့ ရွှေလုပ်ကွက်တွေဟာ ၁၉၉၉ခုနှစ်ကတည်းက တူးဖော်ခွင့်ရရှိထားခဲ့ပြီး အဲဒီလုပ်ကွက်တွေဟာ ၁၉၉၅ ခုနှစ်မတိုင်ခင်အထိ အနီးအနားရှိကျေးရွာ တွေမှ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေကြတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ သိရပါတယ်။