၂ဝဝ၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ရေနံချောင်းမြို့မှာ ဒီနေ့မနက် ဆန္ဒပြ
2014.04.04

မကွေးတိုင်း ရေနံချောင်းမြို့မှာ မြို့ခံပြည်သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ပူးပေါင်းပြီး ၂ဝဝ၈ ခုနှစ်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဒီနေ့မနက်ပြုလုပ်မယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲအတွက် သက်ဆိုင်ရာကနေ ခွင့်ပြု ချက်ရပြီးပြီလို့ ရေနံချောင်းမြို့သားတဦးဖြစ်တဲ့ ဦးသန်းထွဋ် က RFA ကို ပြောပါတယ်။
"အစီအစဉ်ကတော့ ၈ နာရီခွဲလောက် ကျွန်တော်တို့ လူစုပြီးတော့ မြိ့ပတ်မှာပေါ့နော် ခွင့်ပြုမိန့်ပေးတယ်ဗျ"
ပြီးခဲ့တဲ့သတင်းပတ်တွေက မကွေးတိုင်းအတွင်း မကွေး နဲ့ ပခုက္ကူမြို့တွေမှာ အခုလို အခြေခံဥပဒေ ပြင် ဆင်ရေးတောင်းဆို ဆန္ဒပြဖို့အတွက် ခွင့်ပြု ချက်လျှောက်ပေမယ့်မရခဲ့လို့ ဒေသခံတွေက အသိပေးအကြောင်းကြားစာနဲ့ပဲ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ရလို့ ပခုက္ကူမြို့မှာဆိုရင်တရားစွဲခံရမယ့် အခြေအနေတွေထိ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ရေနံချောင်းမြို့က ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ရတာ မကွေးတိုင်းမှာ ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။