သမီးကလေးကျေးရွာသားတွေ မွန်ပြည်နယ်မှာ အခက်အခဲတွေ့


2014.04.03
thameekalay-refugee-305.jpg သမီးလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနဲ့ အင်းမတီးကျေး ရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA ထိန်းချုပ်နယ်မြေ အတွင်းက ကျောက်ခက်ကျေးရွာကို ဧပြီလ ၁ ရက်နေ့က DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့စဉ်
Photo : Kyaw Zaw Win, Lar Wah Shee/RFA

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၃ ရက်နေ့ မနေ့ကမနက်ပိုင်းက လိုက်ပါသွားကြတဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာ က မြေယာမဲ့ဒုက္ခသည် သုံးရာကျော်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြည်နယ်ထဲ ဝင်ခွင့်မပေးတဲ့အတွက် ဒုက္ခသည်တွေဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ ခိုလှုံနေတယ်လို့ သိရပါတယ်။

မြေယာမဲ့ ဒုက္ခသည်တွေဟာ ကျိုက်မရောမြို့နယ်က ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ ဒုက္ခသည်တွေနဲ့ အတူ လိုက်ပါသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဇော်ဝင်းက ပြောပါတယ်။

"ကရင်ပြည်နယ်ကို လုံခြုံရေးဝန်ကြီးကနေပြီးတော့ တားထားလို့ ဘယ်မှထွက်လို့မရဘူး ဖြစ်နေတယ်၊ အဲတော့ မော်လမြိုင်တစ်ကြောမှာရှိတဲ့နေရာကို DKBA က ဗိုလ်မှူးကြီးက အကူအညီပေးပြီးတော့ သမီးကလေးကျေးရွာသားတွေရော အကုန်လုံး ကျိုက်မရော ဘုန်းကြီးကျောင်းမှာ နေရာပေး ထမင်းလည်းကျွေးပြီးတော့ ကောင်းကောင်းမွန်မွန်နားပြီးတော့ အဲ့မှာအိပ်ကြတယ်၊ "

အဲဒီမြေယာမဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ သောင်ရင်းချောင်းနယ်စပ်က ကျောက်ခတ်ရွာမှာ အခြေချနေထိုင်ဖို့အသွားမှာ မနေ့က နေ့လယ်လောက်က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ဒုံသမိတံတားနားအရောက်မှာ ရာနဲ့ချီတဲ့စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ခဲ့တာပါ။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ်ထဲ ဖြတ်သန်းခွင့်ရဖို့အတွက် ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။